Saturday, December 22, 2018

စာတတ်သူတိုင်းစာဖတ်ရေး လှုပ်ရှားမှုအခမ်းအနား ဒုတိယနေ့ ဆက်လက်ကျင်းပ ပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များကို ဒီဇင်ဘာ ၂၂ ရက်အထိ တစ်ရက်တိုး၍ ဖွင့်လှစ်ပြသသွားမည် ====================================== နေပြည်တော် ဒီဇင်ဘာ ၂၁ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာတတ်မြောက်သူတိုင်း စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပိုမိုတိုးတက်လာစေရေးနှင့် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပပြုလုပ်နိုင်စေရေးအတွက် နှိုးဆော်ဆောင်ရွက်ရန် ရည်ရွယ်ချက် များဖြင့် ကျင်းပလျက်ရှိသည့် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှုအခမ်းအနား ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပသည်။ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် သည် ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနအကြီး အကဲများနှင့်အတူ နံနက် ၉ နာရီ ၁၅ မိနစ်တွင် စာတတ်သူတိုင်း စာဖတ် ရေးလှုပ်ရှားမှု ပြခန်းပြကွက်များကို လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှုအစီအစဉ်များတွင် ပါဝင်ဆောင် ရွက်လျက်ရှိသည့် ပြန်ကြားရေးဝန်ကြီး ဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ပြခန်းပြကွက် တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် သည်။ စည်ကားများပြား ယနေ့တွင် စာတတ်သူတိုင်း စာဖတ် ရေးလှုပ်ရှားမှု ပြခန်း ပြကွက်များသို့ လာရောက်ကြည့်ရှု လေ့လာကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား ကျောင်း သူများ၊ စာပေကို စိတ်ဝင်စားကြသည့် ပြည်သူများဖြင့် စည်ကားများပြားလျက် ရှိသည်။ စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှား မှု အခမ်းအနား ဒုတိယနေ့ကို နံနက်ပိုင်း တွင် စတင်ကျင်းပရာ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စာပေ ပညာရှင်များ၊ စာရေးဆရာများ၊ စာတမ်း ဖတ်ကြားသူများ၊ စာကြည့်တိုက်မှူး များ၊ စာကြည့်တိုက်ဖောင်ဒေးရှင်းများ နှင့် ပူးပေါင်းပါဝင်ကြသည့် အဖွဲ့အစည်း များမှ တာဝန်ရှိသူများ၊ စာပေကို စိတ်ပါဝင်စားကြသူများ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။ ဖတ်ကြား အခမ်းအနားတွင် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (တာဝန်) ဦးကို လေးဝင်းက အခြေခံပညာကဏ္ဍတွင် ကျောင်းစာကြည့်တိုက်များဖြိုးရေး နှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက် ချက်များ စာတမ်းကို လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူး ဒေါက်တာလှိုင်လှိုင်ကြီးက လူငယ်နှင့် စာကြည့်တိုက် ယဉ်ကျေးမှုစာတမ်းကို လည်းကောင်း ဖတ်ကြားကြသည်။ ဆက်လက်၍ ဦးရဲမြင့်ကျော်က ဦးဆောင်၍ ဦးတင်ညွန့်၊ ဒေါက်တာ စန္ဒာဦး၊ ဒေါ်အေးလဲ့ထွန်း (သော်တာ အေးလဲ့)နှင့် ဦးမျိုးအောင်တို့က စာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် စာဖတ် သည့် အလေ့အထများ ဖော်ဆောင်ရေး ခေါင်းစဉ် ဖြင့် ဆွေးနွေးကြသည်။ ဆွေးနွေး မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာန ပါမောက္ခ ဒေါက်တာထွန်းအောင်ကျော် က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ပြန်ကြားရေးနှင့် ပြည်သှူဆက်ဆံရေး ဦးစီးဌာန ဒုတိယòန်ကြားရေးမှူး ဦးဆန်းဝင်းက ပြည်သူများ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ဆောင်ရွက်သင့် သည့် လုပ်ငန်းများစာတမ်းကို ဖတ်ကြား ရှင်းလင်းပြီး ဦးကြည်ဝင်း(လောကအမွန်)ဦးဆောင်၍ ဦးအုန်းမြင့်-မောင်ရင့်မာ (ကျောင်းကုန်း)၊ ဦးဝင်းချို၊ ဒေါက်တာ ခင်လေးစိုး၊ ဦးအောင်သန်းထွဋ်နှင့် မသဲနုစံတို့က စာတတ်သူတိုင်း စာဖတ် ရေးအတွက် တွေ့ကြုံနေရသော အခက် အခဲနှင့် ကျော်လွှားနိုင်မည့်နည်းလမ်းများ ခေါင်းစဉ် ဖြင့် ဆွေးနွေးကြသည်။ တိုး၍ ဖွင့်လှစ်ပြသသွားမည်ဖြစ် ယခုကျင်းပသည့် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနား၏ ပြခန်းများနှင့် စာအုပ်အရောင်းဆိုင် များကို ဒီဇင်ဘာ ၂၂ ရက်အထိ တစ်ရက် တိုး၍ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ လာရောက်ကြည့်ရှုလေ့လာနိုင် စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှု အခမ်းအနားကို ဒီဇင်ဘာ ၂ဝ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့ရာ ယခုအခါ ဝန်ထမ်းများနှင့် စာမေးပွဲများ ဖြေဆိုအပြီး လာရောက်လေ့လာလိုသည့် ကျောင်းသား ကျောင်းသူများ၏ မေတ္တာ ရပ်ခံချက်အရ အထူးအစီအစဉ်အဖြစ် ဒီဇင်ဘာ ၂၂ ရက် (စနေနေ့) နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စာတတ်သူ တိုင်းစာဖတ်ရေး လှုပ်ရှားမှုအခမ်းအနား ပြခန်းများနှင့် စာအုပ်အရောင်းဆိုင် များကို ဆက်လက်ဖွင့်လှစ်ပြသသွားမည် ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရသည်။ သတင်းစဉ်






Image may contain: 7 people
 နေပြည်တော် ဒီဇင်ဘာ ၂၁



 မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာတတ်မြောက်သူတိုင်း စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပိုမိုတိုးတက်လာစေရေးနှင့် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပပြုလုပ်နိုင်စေရေးအတွက် နှိုးဆော်ဆောင်ရွက်ရန် ရည်ရွယ်ချက် များဖြင့် ကျင်းပလျက်ရှိသည့် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှုအခမ်းအနား ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပသည်။
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် သည် ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနအကြီး အကဲများနှင့်အတူ နံနက် ၉ နာရီ ၁၅ မိနစ်တွင် စာတတ်သူတိုင်း စာဖတ် ရေးလှုပ်ရှားမှု ပြခန်းပြကွက်များကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှုအစီအစဉ်များတွင် ပါဝင်ဆောင် ရွက်လျက်ရှိသည့် ပြန်ကြားရေးဝန်ကြီး ဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ပြခန်းပြကွက် တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် သည်။
စည်ကားများပြား
ယနေ့တွင် စာတတ်သူတိုင်း စာဖတ် ရေးလှုပ်ရှားမှု ပြခန်း ပြကွက်များသို့ လာရောက်ကြည့်ရှု လေ့လာကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား ကျောင်း သူများ၊ စာပေကို စိတ်ဝင်စားကြသည့် ပြည်သူများဖြင့် စည်ကားများပြားလျက် ရှိသည်။
စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှား မှု အခမ်းအနား ဒုတိယနေ့ကို နံနက်ပိုင်း တွင် စတင်ကျင်းပရာ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စာပေ ပညာရှင်များ၊ စာရေးဆရာများ၊ စာတမ်း ဖတ်ကြားသူများ၊ စာကြည့်တိုက်မှူး များ၊ စာကြည့်တိုက်ဖောင်ဒေးရှင်းများ နှင့် ပူးပေါင်းပါဝင်ကြသည့် အဖွဲ့အစည်း များမှ တာဝန်ရှိသူများ၊ စာပေကို စိတ်ပါဝင်စားကြသူများ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ဖတ်ကြား
အခမ်းအနားတွင် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (တာဝန်) ဦးကို လေးဝင်းက အခြေခံပညာကဏ္ဍတွင် ကျောင်းစာကြည့်တိုက်များဖြိုးရေး နှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက် ချက်များ စာတမ်းကို လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူး ဒေါက်တာလှိုင်လှိုင်ကြီးက လူငယ်နှင့် စာကြည့်တိုက် ယဉ်ကျေးမှုစာတမ်းကို လည်းကောင်း ဖတ်ကြားကြသည်။
ဆက်လက်၍ ဦးရဲမြင့်ကျော်က ဦးဆောင်၍ ဦးတင်ညွန့်၊ ဒေါက်တာ စန္ဒာဦး၊ ဒေါ်အေးလဲ့ထွန်း (သော်တာ အေးလဲ့)နှင့် ဦးမျိုးအောင်တို့က စာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် စာဖတ် သည့် အလေ့အထများ ဖော်ဆောင်ရေး ခေါင်းစဉ် ဖြင့် ဆွေးနွေးကြသည်။
ဆွေးနွေး
မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာန ပါမောက္ခ ဒေါက်တာထွန်းအောင်ကျော် က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ပြန်ကြားရေးနှင့် ပြည်သှူဆက်ဆံရေး ဦးစီးဌာန ဒုတိယòန်ကြားရေးမှူး ဦးဆန်းဝင်းက ပြည်သူများ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ဆောင်ရွက်သင့် သည့် လုပ်ငန်းများစာတမ်းကို ဖတ်ကြား ရှင်းလင်းပြီး ဦးကြည်ဝင်း(လောကအမွန်)ဦးဆောင်၍ ဦးအုန်းမြင့်-မောင်ရင့်မာ (ကျောင်းကုန်း)၊ ဦးဝင်းချို၊ ဒေါက်တာ ခင်လေးစိုး၊ ဦးအောင်သန်းထွဋ်နှင့် မသဲနုစံတို့က စာတတ်သူတိုင်း စာဖတ် ရေးအတွက် တွေ့ကြုံနေရသော အခက် အခဲနှင့် ကျော်လွှားနိုင်မည့်နည်းလမ်းများ ခေါင်းစဉ် ဖြင့် ဆွေးနွေးကြသည်။
တိုး၍ ဖွင့်လှစ်ပြသသွားမည်ဖြစ်
ယခုကျင်းပသည့် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနား၏ ပြခန်းများနှင့် စာအုပ်အရောင်းဆိုင် များကို ဒီဇင်ဘာ ၂၂ ရက်အထိ တစ်ရက် တိုး၍ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
လာရောက်ကြည့်ရှုလေ့လာနိုင်
စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှု အခမ်းအနားကို ဒီဇင်ဘာ ၂ဝ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့ရာ ယခုအခါ ဝန်ထမ်းများနှင့် စာမေးပွဲများ ဖြေဆိုအပြီး လာရောက်လေ့လာလိုသည့် ကျောင်းသား ကျောင်းသူများ၏ မေတ္တာ ရပ်ခံချက်အရ အထူးအစီအစဉ်အဖြစ် ဒီဇင်ဘာ ၂၂ ရက် (စနေနေ့) နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စာတတ်သူ တိုင်းစာဖတ်ရေး လှုပ်ရှားမှုအခမ်းအနား ပြခန်းများနှင့် စာအုပ်အရောင်းဆိုင် များကို ဆက်လက်ဖွင့်လှစ်ပြသသွားမည် ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment