Saturday, December 22, 2018

အဋ္ဌမအကြိမ်မြောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်





Image may contain: one or more people and people standing
 မော်လမြိုင် ဒီဇင်ဘာ ၂၁



အဋ္ဌမအကြိမ်မြောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန် ပစ္စည်းများ(MSMEs Products) ပြပွဲနှင့်ပြိုင်ပွဲ (မော်လမြိုင်) ဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ် ခန်းမ၌ ကျင်းပရာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြား သည်။
အခမ်းအနားသို့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသည့်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင် ထွေးမြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဒေါ်လဲ့လဲ့မော်၊ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ၊ မွန်ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးခင်မောင် ကြီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ကရင် ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့မှ ဝန်ကြီး များ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ အသင်းအဖွဲ့များ၊ အသိပညာ ရှင် အတတ်ပညာရှင်များ၊ အလှူရှင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
အောင်မြင်စွာကျင်းပနိုင်
ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယ သမ္မတက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန် ပစ္စည်း ပြပွဲ၊ ပြိုင်ပွဲများကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ကျင်းပခဲ့ရာ ပထမအကြိမ်ကို မန္တလေးမြို့တွင် လည်း ကောင်း၊ ဒုတိယအကြိမ်ကို မကွေးမြို့ တွင် လည်းကောင်း၊ တတိယအကြိမ်ကို ပုသိမ်မြို့တွင် လည်းကောင်း၊ စတုတ္ထ အကြိမ်ကို တောင်ကြီးမြို့တွင် လည်း ကောင်း၊ ပဉမအကြိမ်ကို မုံရွာမြို့တွင် လည်းကောင်း၊ ဆဋ္ဌမအကြိမ်ကို ပဲခူး မြို့နှင့် သတ္တမအကြိမ်ကို ရန်ကုန်မြို့တွင် လည်းကောင်း အောင်မြင်စွာ ကျင်းပနိုင် ခဲ့ပါကြောင်း။
ယနေ့ မော်လမြိုင်မြို့တွင် ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့ ပူးပေါင်း ကျင်းပသည့် ပြပွဲ၊ ပြိုင်ပွဲသည် အဋ္ဌမ အကြိမ်မြောက် ဖြစ်ပါကြောင်း၊ ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး တွင် ယခုကဲ့သို့ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပ သွားမည်ဖြစ်ပြီး နောက်ဆုံးအဆင့် အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည် တော်၌ တိုင်းဒေသကြီး၊ ပြည်နယ် အားလုံးပါဝင်သည့် နိုင်ငံတော်အဆင့် ထုတ်ကုန်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲကို ကျင်းပပြုလုပ်၍ National Award ဆုများ ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း။
ရည်ရွယ်ချက်
ဒေသတွင်း ထုတ်ကုန်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက် မှာ မြန်မာနိုင်ငံအတွင်း သွင်းကုန် အစားထိုးထုတ်ကုန်များ ပိုမိုများပြားလာ စေရန်၊ ဒေသအသီးသီးတွင်ရှိသည့် ထုတ်လုပ်မှုကဏ္ဍများနှင့် ရောင်းဝယ်မှု ကဏ္ဍများအချင်းချင်း ချိတ်ဆက်မှုဖြစ် လာစေရန်၊MSMEs လုပ်ငန်းများ အနေဖြင့် မိရိုးဖလာ စီးပွားရေးလုပ်ငန်းမှ ဆန်းသစ်တီထွင် စွန့်စားဖန်တီးမှုများ ဖြင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသော ကမ္ဘာ့ အဆင့်မီထုတ်ကုန်များနှင့် ဝန်ဆောင်မှု အသွင်သို့ ပြောင်းလဲလာနိုင်စေရန်နှင့် ဈေးကွက်ချဲ့ထွင်ပြီး ကမ္ဘာ့အဆင့် တန်ဖိုး မြှင့်ထုတ်လုပ်မှုကွင်းဆက် (Global Value Chain)အတွင်း ပူးပေါင်း ဆောင်ရွက်လာစေရေးတို့ကို မျှော်မှန်းပြီး ကျင်းပပြုလုပ်ပေးနေခြင်း ဖြစ်ပါကြောင်း။
အထူးအခွင့်အရေးတစ်ရပ်
ယခုကဲ့သို့ ထုတ်ကုန်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲ ကျင်းပသည့်ကာလအတွင်း ပြည်တွင်းMSMEs လုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းအမျိုးအစား အရည် အသွေးကို လာရောက်လေ့လာကြည့်ရှု ကြသည့် လုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်း ရှင်များ၊ လက်လီရောင်းဝယ်ရေးအသင်း မှ အဖွဲ့ဝင်များ၊ စားသုံးသူများနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ တစ်နေရာတည်း တွင် စုံစုံညီညီစုဝေးနေကြသည့်အတွက် ဒေသတွင်း MSMEs လုပ်ငန်းရှင်များ အတွက် အထူးအခွင့်အရေးတစ်ရပ် ဖြစ်ပါ ကြောင်း။
ထုပ်ပိုးမှုပုံစံအသစ်များ ပြောင်းလဲ
ထို့ကြောင့်MSMEs လုပ်ငန်း ကော်မတီအနေဖြင့် MSMEs လုပ်ငန်း ရှင်များကို ဈေးကွက်ဆိုင်ရာ အသိပညာ ရှင်တို့နှင့်တွေ့ဆုံကာ ¤င်းတို့၏ထုတ်ကုန် များအပေါ် လိုအပ်သည်များ အကြံပြု ဆွေးနွေးပေးနိုင်အောင် ပြပွဲကျင်းပရာ နေရာတွင် စီစဉ်ပေးထားပါကြောင်း၊ ပြီးခဲ့သည့် ပြပွဲ၊ ပြိုင်ပွဲများတွင် ယခုကဲ့သို့ စီစဉ်ပေးခဲ့သည့်အတွက် MSMEs လုပ်ငန်းရှင်များအနေဖြင့် ပညာရှင်များ ၏ အကြံပြုချက်အတိုင်း ပြုပြင်ထုတ်လုပ် ခြင်း၊ ထုပ်ပိုးမှုပုံစံအသစ်များ ပြောင်းလဲ နိုင်ခဲ့ခြင်းကြောင့် ကယားပြည်နယ် နှင့်ရှမ်းပြည်နယ်မှ လုပ်ငန်း ၂၅ ခု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ လုပ်ငန်း ၂၂ ခု၊ ပဲခူးတိုင်းဒေသကြီးမှ လုပ်ငန်း ၁၆ ခု၊ ရန်ကုန်တိုင်းဒေသကြီးမှ လုပ်ငန်း အခု ၃ဝ၊MSMEs လုပ်ငန်း စုစုပေါင်း ၉၃ ခုတို့၏ ထုတ်ကုန်ပစ္စည်းများကို နာမည် ကျော် အဆင့်မြင့်အရောင်းဆိုင်ကြီး များတွင် ထပ်မံတင်ပို့ရောင်းချခွင့်ရရှိ သည်ကို တွေ့ရပါကြောင်း။
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင်တွေ့ရှိရသည့် ဒေသဆိုင်ရာ စီးပွားရေး အခွင့်အလမ်းများအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် ရော်ဘာ၊ မင်းကွတ်၊ ကြက်မောက်၊ ကျွဲကော၊ ဒူးရင်း နှင့် အုန်းသီးစသည့် အဓိကထုတ်ကုန်များ ထွက်ရှိပြီး သတ္တုကဏ္ဍအနေဖြင့် ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကျောက်သင်ပုန်း စသည့်သယံဇာတများ ထွက်ရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါထွက်ကုန်များကို ပြည်တွင်းတွင် သုံးစွဲနိုင်ရုံသာမက ပြည်ပ သို့ တင်ပို့နိုင်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် များအဖြစ် ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ မွန်ပြည်နယ်သည် ရှည်လျား သော ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ် နေသည့်အတွက် ငါး၊ ပုစွန်နှင့် အအေး ခန်း လုပ်ငန်းများသည် အလွန်အရေးပါ ကြောင်း။
ခေတ်မီနည်းပညာများကိုအသုံးပြု
MSMEs လုပ်ငန်းများအနေဖြင့် အထူးဂရုပြုရမည့်အချက်မှာ အဆင့်မြင့် ထုတ်ကုန်ပစ္စည်း ထုတ်လုပ်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းခွင် မြှင့်တင်ရေး တွင် လိုအပ်သည့်အထောက်အကူပစ္စည်း၊ စက်ကိရိယာများနှင့် ခေတ်မီနည်းပညာ များကိုအသုံးပြု၍ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
သင်တန်းများ ဖွင့်လှစ်ပေးရန်လို
ဒေသတွင်း အလားအလာ ကောင်းသော စီးပွားရေးလုပ်ငန်းများ နှင့် အကောင်အထည်ဖော်မည့် စီမံကိန်း များလုပ်ငန်းများအတွက် လိုအပ်သည့် သွင်းအားစုများကို ကြိုတင်ပြင်ဆင် ဖြည့်ဆည်းရန်နှင့် ကျွမ်းကျင်လုပ်သား များ မွေးထုတ်ပေးနိုင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ပေးရန် လိုအပ်ပါ ကြောင်း၊ ကရင်ပြည်နယ် ဘားအံမြို့ တွင် စက်မှုဝန်ကြီးဌာနက ဦးစီးပြီး အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျား သင်တန်းဖွင့်ပြီး ကျွမ်းကျင်လုပ်သား ၈ဝ ကို ရက်သတ္တလေးပတ်ကြာ လေ့ကျင့် သင်ကြားပေးသွားမည် ဖြစ်ပါကြောင်း။
MSMEs လုပ်ငန်းများအတွက် လိုအပ်သည့်ငွေကြေး အရင်းအနှီးရရှိရန် မြန်မာနိုင်ငံအစိုးရနှင့် ဂျပန်နိုင်ငံ အစိုးရတို့ ချိတ်ဆက်ပြီးJICA Two Step Loan Phase II ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ကြောင့် ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းတွင် ရှိသည့် MSMEs လုပ်ငန်းများအနေဖြင့် ချေးငွေရရှိရေးအတွက် လိုအပ်သည့် သတင်းအချက်အလက်များနှင့် ဆက် သွယ်ရမည့်ဘဏ်များကို ကြိုတင်သိရှိ နိုင်ရန်JICA နှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် မော်လမြိုင်မြို့၌ ချေးငွေ ဆိုင်ရာSeminar ကို ကျင်းပပြုလုပ် ပေးခဲ့ပါကြောင်း။
ဈေးကွက်တွင် ရေရှည်ရပ်တည်နိုင်
ဒေသတွင်း MSMEs များအနေ ဖြင့် ပေးလာသည့်အခွင့်အရေးကို မိမိ ရရ ရယူနိုင်ရန်လိုပါကြောင်း၊ မိမိလုပ်ငန်း ၏အားသာချက်ကို နည်းဗျူဟာများ အသုံးပြုပြီး ဖော်ပြနိုင်သည့် အရည် အချင်းရှိရန် လိုအပ်သကဲ့သို့ စားသုံးသူ ကြိုက်နှစ်သက်မှုနှင့် လိုအပ်ချက်များ အရ ဆွဲဆောင်နိုင်စွမ်းရှိသည့် ကုန်ပစ္စည်း များကို ဝန်ဆောင်မှုကောင်းများဖြင့် လည်း ပံ့ပိုးကြရမည် ဖြစ်ကြောင်း၊ ဈေးကွက်ကတုံ့ပြန်လာသည့် သတင်း အချက်အလက်များ၊ အကြံပြုချက်များ ကိုလည်း လက်ခံကာ စဉ်ဆက်မပြတ် တိုးတက်ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသည့် လုပ်ငန်းများဖြစ်အောင် ကြိုးပမ်း ကြမှသာ ဈေးကွက်တွင် ရေရှည်ရပ်တည် နိုင်မည်ဖြစ်ပါကြောင်း။
အလုပ်အကိုင်အခွင့်အလမ်းများ
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့၏ နောက်အားသာချက်တစ်ခုမှာ ထူးခြားသည့် တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၊ သဘာဝတောတောင် အလှ အပများ၊ ပင်လယ်ကမ်းခြေ၊ ရေတံခွန် စိမ့်စမ်းများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေး မှု ဓလေ့ထုံးစံများကလည်း ပြည်တွင်း ပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင် ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း များနှင့်အတူ ဒေသတွင်း အစား အသောက်နှင့် ထုတ်ကုန်ပစ္စည်း၊ ဝန် ဆောင်မှု၊ သယ်ယူပို့ဆောင်ရေးကဏ္ဍများပါ ဖွံ့ဖြိုးလာမည်ဖြစ်ပါကြောင်း၊ ဒေသတွင်းMSMEs လုပ်ငန်းများ တိုးတက်အောင်မြင်မှသာ ပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာပြီး ပြည်ပတွင်သွားရောက် လုပ်ကိုင်နေသည့် Skill Labour များ ဒေသတွင်း ပြန်လည်လုပ်ကိုင်လာနိုင် သည့် ဝန်းကျင်ကိုလည်း တည်ဆောက် လာနိုင်မည်ဖြစ်ပါကြောင်း။
ဆက်လက်ကြိုးပမ်းဆောင်ရွက်
MSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာပြီး အလုပ်အကိုင်အခွင့် အလမ်းများ တိုးပွားလာရာမှတစ်ဆင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ တိုးတက် မြင့်မားလာမည်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ၏ စီးပွားရေးဈေးကွက် လိုအပ်ချက် များ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှု များကို ဖြည့်ဆည်းပေးနိုင်သော အောင် မြင်သည့်MSMEs လုပ်ငန်းများ ပိုမိုပေါ်ပေါက်လာစေရေး ရည်မှန်းချက် ထားပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက် ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် အသေးစားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ကော်မတီဝင်များ ဖြစ်ကြသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့က ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း MSMEsလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် အဋ္ဌမအကြိမ်မြောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်းများ (MSMEs Pro-ducts) ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး အတွက် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီ များက အလှူငွေများ ပေးအပ်လှူဒါန်း ကြရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် ချို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင် ထွေးမြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ တနင်္သာရီတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်၊ ဒုတိယဝန်ကြီး ဦးအောင်ထူးတို့က လက်ခံကြပြီး အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ကြသည်။
ချေးငွေများပေးအပ်
ထို့နောက် သမဝါယမဘဏ် လီမိတက်ဘဏ်မှ အသေးစား၊ အငယ်စား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင် များအား ချေးငွေများပေးအပ်သည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့်အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ ကမ်းနားလမ်း၌ ကျင်းပသည့် အဋ္ဌမ အကြိမ်မြောက် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ၏ ဒေသတွင်းထုတ်ကုန်ပစ္စည်းများ(MSMEs Products) ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မွန်ပြည်နယ် ဝန်ကြီး ချုပ် ဒေါက်တာအေးဇံ၊ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဒေါ်လဲ့လဲ့မော်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သှူအင်အားဝန်ကြီး ဦးဝ္ဏကျော် တို့က ပြပွဲနှင့်ပြိုင်ပွဲမုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
လှည့်လည်ကြည့်ရှုအားပေး
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည် အဋ္ဌမ အကြိမ်မြောက် အသေးစား၊ အငယ်စား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ၏ ဒေသတွင်းထုတ်ကုန် ပစ္စည်းပြခန်း များကို လှည့်လည်ကြည့်ရှုအားပေး ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ သည် မော်လမြိုင်မြို့အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေး ဘဏ်(SMIDB) မော်လမြိုင်ဘဏ်ခွဲ ၌ ကျင်းပသည့်SME Center ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုး အောင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ်(SMIDB)အမှုဆောင် အရာရှိချုပ် ဒေါက်တာ ဇေယျာညွန့်တို့က SME Center ဆိုင်းဘုတ်ကို Global Ball နှိပ်၍ ဖွင့်လှစ်ပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေး ဘဏ်(SMIDB) အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment