Saturday, December 22, 2018

(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်းဝဘဏ်လီမိတက် မင်္ဂလာဒုံ(ဝါယာလက်) ဘဏ်ခွဲဖွင့်လှစ်





ရန်ကုန် ဒီဇင်ဘာ ၂၁ 



(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် အင်းဝဘဏ်လီမိတက်၊ မင်္ဂလာဒုံ (ဝါယာလက်)ဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘဏ်ခွဲ ပရဝဏ်၌ကျင်းပရာမြန်မာစီးပွားရေးကော်ပိုရေးရှင်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန့်ဆွေ၊ စီမံကိန်းများ ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးနှင့် အင်းဝဘဏ်လီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ငွေဦးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး (ဝဲပုံ) ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံက အင်းဝဘဏ်လီမိတက်၊ မင်္ဂလာဒုံ (ဝါယာလက်) ဘဏ်ခွဲ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးကာ ဘဏ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ယနေ့ဖွင့်လှစ်လိုက်သော အင်းဝဘဏ်လီမိတက်၊ မင်္ဂလာဒုံ (ဝါယာလက်) ဘဏ်ခွဲသည် အင်းဝဘဏ်လီမိတက်၏ ၅၅ ခုမြောက်ဘဏ်ခွဲဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တပ်မတော်အထည်ချုပ်စက်ရုံဝင်းတွင် ဖွင့်လှစ်ထားရှိကာ အပ်ငွေများ လက်ခံခြင်း၊ ငွေစုဘဏ်လုပ်ငန်းများဆောင်ရွက် ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေ များ ထုတ်ချေးပေးခြင်း၊ ငွေပေးအမိန့်လွှာ (Payment Order) များ ထုတ်ပေးခြင်း၊ ဘဏ်အာမခံ (Bank Guarantee) အမျိုးမျိုးထုတ်ပေးခြင်း၊ Debit Card များ ထုတ်ပေးခြင်းစသည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဝန်ဆောင်မှုပေးသွားမည် ဖြစ်သည်။
အင်းဝဘဏ်လီမိတက်အနေဖြင့် ပြည်တွင်းငွေလွှဲဝန်ဆောင် မှု လုပ်ငန်းများအပြင် ငွေစုဘဏ်အပ်ငွေအပေါ် အတိုးနှုန်း ကိုးရာခိုင်နှုန်းနှင့် စာရင်းသေအပ်ငွေအပေါ် ငွေစုဆောင်းသူများ ၏ သဘောဆန္ဒအလျောက်စုဆောင်းသည့် အချိန်ကာလအပိုင်း အခြားအပေါ်မူတည်၍ ၁ဝ ရာခိုင်နှုန်းအထိ အတိုးနှုန်းများ ပေးအပ်လျက်ရှိပြီး စီးပွားရေးလုပ်ငန်း မတည်ရင်းနှီးလုပ်ကိုင် လိုသူများအတွက် ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment