Wednesday, December 5, 2018

နိုင်င်ငံတကာ အာကာသစခန်းယာဉ်နှင့် ဆိုယုဇ် အာကာသယာဉ်တို့ အောင်မြင်စွာ ချိတ်ဆက်

No automatic alt text available.

မော်စကို ဒီဇင်ဘာ ၅

ရုရှားနိုင်ငံမှ လွှတ်တင်ခဲ့သည့် အာကာသယာဉ်မှူး သုံးဦးလိုက်ပါသွားသော ဆိုယုဇ် အာကာသယာဉ်သည် နိုင်ငံတကာအာကာသစခန်းယာဉ် (အိုင်အက်စ်အက်စ်) နှင့် အောင်မြင်စွာ ချိတ်ဆက်ခဲ့ကြောင်း အင်န်အိတ်ခ်ျ ကေသတင်းတွင် ဖော်ပြသည်။

လွန်ခဲ့သော နှစ်လနီးပါးကာလအတွင်းက ဆိုယုဇ်အာကာသယာဉ်တစ်စင်းအား လွှတ်တင်ရာ၌ အောင်မြင်မှု မရှိခဲ့သဖြင့် ယခုတစ်ကြိမ် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယင်းဆိုယုဇ် အာကာသယာဉ်ကို ကာဇက်စတန်နိုင်ငံ ဘိုင်ကိုနူး အာကာသယာဉ် လွှတ်တင်ရေးစခန်းမှ ဒီဇင်ဘာ၃ ရက်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ဒုံးယာဉ်အား လွှတ်တင်ပြီး ကိုးမိနစ်အကြာတွင် ဆိုယုဇ်အာကာသယာဉ်သည် ဒုံးယာဉ်မှ ခွဲထွက်ကာ သတ်မှတ်ထားသည့် ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

အဆိုပါ အာကာသယာဉ်တွင် ရုရှား၊ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့မှ အာကာသယာဉ်မှူး တစ်ဦးစီလိုက်ပါသွားကြသည်။ ဆိုယုဇ်အာကာသယာဉ်လွှတ်တင်ပြီးနောက် ခြောက်နာရီအကြာတွင် နိုင်ငံ တကာအာကာသစခန်းယာဉ်နှင့် ချိတ်ဆက်မိခဲ့သည်။ 

အမေရိကန်ပြည်ထောင်စုမှ လွှတ်တင်ခဲ့သောအာကာသလွန်းပြန်ယာဉ်များကို ၂ဝ၁၁ ခုနှစ်တွင် အနား ပေးခဲ့ပြီးနောက် ဆိုယုဇ်အာကာသယာဉ်များမှာ မြေကမ္ဘာနှင့် နိုင်ငံတကာ အာကာသစခန်း ယာဉ် (အိုင်အက်စ် အက်စ်) အကြားတွင် အာကာသယာဉ်မှူးများအား လွန်းပြန်သယ် ပို့နေသည့် တစ်ခုတည်းသော အာကာသ ယာဉ် ဖြစ်လာခဲ့သည်။

ယခုနှစ် အောက်တိုဘာလအတွင်းက ဆိုယုဇ်အာကာသယာဉ်တစ်စင်းအား လွှတ်တင်ခဲ့ရာ အောင်မြင်မှု မရှိဘဲ လိုက်ပါသွားသည့် အာကာသယာဉ်မှူးနှစ်ဦးမှာမြေပြင်သို့ အရေးပေါ်ဆင်းသက်ခဲ့ရသည်။

အင်န်အိတ်ခ်ျကေ

No comments:

Post a Comment