Wednesday, December 5, 2018

ါဇာကမ်းမြောင်မြောက်ဘက်ပိုင်း၌ ပါလက်စတိုင်းနှင့် အစ္စရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်မှုဖြစ်ပွား၊ ပါလက် စတိုင်းလေးဦး ဒဏ်ရာရ

Image may contain: one or more people, people standing, beach and outdoor


ဂါဇာစီးတီးဒီဇင်ဘာ ၅
ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ အစ္စရေးနယ်စပ်အနီး၌ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းက ဖြစ်ပွားသော တိုက်ခိုက်မှုတွင် အစ္စရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းလူမျိုးလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါလက် စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အစ္စရေးတပ်ဖွဲ့ဝင်များ၏ပစ်ခတ်မှုကြောင့် ဒဏ်ရာအသင့်အတင့်ရရှိသူ လေးဦးအား ဂါဇာကမ်းမြောင် မြောက် ဘက်ပိုင်းရှိ ဆေးရုံသို့တင်ပို့ပေးခဲ့ကြောင်း ပါလက် စတိုင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာရှက်အယ်လ်ကေဒရာက သတင်းထောက်များအား ပြောကြားသည်။

ဂါဇာကမ်းမြောင်နယ်ခြားဒေသ၌ တပ်စွဲထားသည့်အစ္စရေးတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ် ခဲ့မှုကြောင့် ဒါဇင်များစွာသော ပါလက်စတိုင်းများမှာ အသက်ရှူကျပ်သည့် ဝေဒနာခံစားခဲ့ရကြောင်း ဒေသဆိုင်ရာ သတင်းများနှင့် မျက်မြင်တွေ့ရှိသူများက ပြောကြားကြသည်။

ယခုနှစ် မတ် ၃ဝ ရက်က စတင်ခဲ့သော ပါလက်စတိုင်းတို့၏ မဟာနောက်ကြောင်းပြန်ချီတက်ခြင်း အမည်ရှိ အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများကို အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင် ပြုလုပ်ခဲ့ပြီး ယင်း ဆန္ဒပြမှုများက ၂ဝဝ၇ ခုနှစ်ကတည်းက ပြုလုပ်ခဲ့သည့် အစ္စရေးတို့၏ ဂါဇာကမ်းမြောင်ဒေသအား ပိတ်ဆို့မှုကို အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။

ယင်းသို့ လူစုလူဝေးဖြင့် အစ္စရေးဆန့်ကျင်ရေးဆန္ဒပြမှုများ စတင်ပြုလုပ်စဉ်ကတည်းက ယနေ့အထိ အစ္စရေး စစ်ဘက်မှ ပစ်ခတ်နှိမ်နင်းခဲ့မှုကြောင့် ပါလက်စတိုင်းလူမျိုး ၂၃၃ ဦး သေဆုံးပြီး ၂၄ဝဝဝ ခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။

ဆင်ဟွာ

No comments:

Post a Comment