Wednesday, December 5, 2018

ရာသီဥတုပြောင်းလဲမှုဆန့်ကျင်ရေးတွင်ပူးပေါင်းဆောင်ရွက်ရန် ကုလအကြီးအကဲတောင်းဆို


Image may contain: 2 people, people sitting

ကုလသမဂ္ဂ ဒီဇင်ဘာ ၅

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် ပိုလန်နိုင်ငံတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာကွန်ဖရင့်တွင် မိန့်ခွန်းပြောကြားရာ၌ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတကာ အသိုက်အဝန်းအားတောင်းဆိုလိုက်ကြောင်း သိရသည်။

အဆိုပါ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဖရင့်သို့ သြစတြီးယားနှင့် နိုင်ဂျီးရီးယာအပါအဝင် နိုင်ငံပေါင်း ၂ဝ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။ ၂ဝ၁၅ ခုနှစ်က ပြင်သစ်နိုင်ငံ တွင် ပါရီသဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့ပြီးကတည်းက ရာသီဥတုပြောင်းလဲမှုတွင် အတူတကွ ပူးပေါင်း ဆောင်ရွက်ရန်အရေးကြီးကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။

ယင်းမှာ ၂ဝ၂ဝ ပြည့်နှစ်အလွန် ကမ္ဘာကြီးပူနွေးလာမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာမူဘောင်ဖြစ်သည့် ပါရီသဘော တူညီချက်တွင် အဓိကယုံကြည်ချက်အဖြစ် လွန်ခဲ့ သည့် သုံးနှစ်တာကာလအတွင်းကတည်းက ချမှတ်ခဲ့ခြင်းဖြစ် ကြောင်းနှင့် အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားရန်လည်း အရေးကြီးကြောင်း ဂူတာရက်စ်က ဆိုသည်။

ထို့ပြင် နိုင်ဂျီးရီးယာသမ္မတ မူဟမ်မာဒူဘူဟာရီကလည်း ရာသီဥတုပြောင်းလဲမှုပြဿနာကို ကိုင်တွယ်ဖြေရှင်း ရာတွင် ပူးပေါင်းဆောင်ရွက်ရန်လည်း တောင်းဆိုခဲ့သည်။

အင်န်အိတ်ခ်ျကေ

No comments:

Post a Comment