Wednesday, December 5, 2018

အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ အစည်းအဝေးသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်
ဥက္ကဋ္ဌ တက်ရောက်

Image may contain: 5 people

နေပြည်တော် ဒီဇင်ဘာ ၅

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌဦးကျော်ကျော်မောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် သီရိ လင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် ၂ဝ၁၈ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ၂ ရက်အထိ ကျင်းပခဲ့သည့် (၅၄)ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဂါဗာနာကွန်ဖရင့်/အဆင့်မြင့်အရာရှိများ အစည်း အဝေးနှင့် (၃၈)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ဂါဗာနာဘုတ်အဖွဲ့ဝင်များ အစည်း အဝေးများ (The 54th SEACEN Governors-Conference/ HighLevel Seminar and 38th ta&SYawmiftm&S A[dkbPfrsm;tzGJY tpnf;ta0;odkh jrefrmEkdifiHawmfA[kdbPfOuú| wufa&muf Meeting of the SEACEN Board of Governors)သို့တက်ရောက်ခဲ့သည်။

အဆိုပါ ကွန်ဖရင့်နှင့် အစည်းအဝေးများ၌ တိုးတက်လာသောနည်းပညာဆိုင်ရာ ပြောင်းလဲမှုများနှင့် အနာဂတ် တွင် ငွေကြေးထုတ်ဝေမှုအပေါ် ၄င်းတို့၏ အကျိုးသက်ရောက်မှုများ၊ ထွန်းသစ်စဈေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရင်ဆိုင် ကြုံတွေ့ရသည့် ငွေကြေးဖောင်းပွမှုအပေါ် အကျိုးသက်ရောက်သည့် အချက်များ၊ တံခါးဖွင့်ဝါဒ ကျင့်သုံးသည့် နိုင်ငံငယ်များတွင် တွေ့ကြုံရသည့် မူဝါဒဆိုင်ရာစိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်သည့် နည်းလမ်းများနှင့်ပတ်သက်၍ အပိုင်းသုံးပိုင်းကိုဒေသတွင်း အတွေ့အကြုံများဖြင့် အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။

၂ဝ၁၉ ခုနှစ်အတွက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဂါဗာနာဘုတ်၏ သဘာပတိအဖြစ် သီရိလင်္ကာ ဗဟိုဘဏ်ဥက္ကဋ္ဌ Dr. Indrajit Coomaraswamyရွေးချယ်ခဲ့ကြသည်။ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ၃ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment