Tuesday, December 4, 2018

ဒက္ခိဏသီရိမြို့နယ်၌ အရန်မီးသတ်မွမ်းမံသင်တန်းဖွင့်

Image may contain: one or more people and outdoor

နေပြည်တော် ဒီဇင်ဘာ ၃

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် ဒက္ခိဏသီရိမြို့နယ်တွင်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ ကျင့်ရေး မွမ်းမံသင်တန်း (၁/၂ဝ၁၈)ဖွင့်လှစ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်စခန်းတွင် ကျင်းပ ခဲ့သည်။

အခမ်းအနားတွင် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူးဦးစီးအရာရှိဦးမျိုးဇေယျာဝေက သင်တန်းသား ၅ဝ အား တူညီဝတ်စုံများ ပေးအပ်ခဲ့ ပြီးသင်တန်းကာလမှာ ဒီဇင်ဘာ ၃ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

မင်းမင်းလတ် (ရူပဗေဒ)

No comments:

Post a Comment