Tuesday, December 4, 2018

ရှင်းလင်းလွယ်ကူ တိုင်းပြည်ထူ ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်းကျင်းပ

Image may contain: 1 person


(ယမန်နေ့မှအဆက်) ယမန်နေ့မှအဆက်)
ဒေါ်လှိုင်မော်ဦး။ ။ တင်ပေးလာတဲ့စနစ်အပေါ် မူတည်း ပြီးတော့၊ စမ်းသပ်ပြီးတော့ ဘာတွေပြင်ဖို့ လိုသလဲ၊ ဘယ်လိုတွေလုပ်မယ်ဆိုတာကို ပြင်ဆင်ပြီးတဲ့အခါမှာ risk based system နဲ့ ဆန်းစစ်ပေးမှာဖြစ်ပါတယ်။ နောက်တစ်ချက်က ကာလလတ် ကိုးလလောက်အတွင်းမှာလုပ်ပေးရင် အမှတ်ရမယ်လို့ပြောတာက ဥပမာကွင်းဆင်းစစ်ဆေးတာမျိုးကို တစ်ဖွဲ့ချင်းသွားပြီး စစ်ဆေးတာမျိုးမဟုတ်ဘဲနဲ့ ဌာနပေါင်းစုံစုပေါင်းပြီး ကွင်းဆင်းစစ်ဆေးပေးဖို့ ပြောပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ကျွန်မတို့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီအတွင်းမှာရှိတဲ့ ဌာနတွေအကုန်လုံးကိုတစုတစည်းတည်း ပေါင်းပြီးစစ်ဖို့ ဆောင်ရွက်နေပါတယ်။ မီးသတ်နဲ့ကတော့ ညှိနှိုင်းနေပါတယ်။ပူးပေါင်းပြီး ဆောင်ရွက်သွားမှာပါ။
ကာလရှည်အနေနဲ့လုပ်ဖို့အတွက် သူတို့က အွန်လိုင်းစနစ်နဲ့သွားဖို့ ပြောပါတယ်။ ကျွန်မတို့က ၂ဝ၁၈ ခုနှစ် မေလထဲမှာ IJF နဲ့ နိုင်ငံတကာမှာ သုံးနေတဲ့ စနစ်တစ်ခုကိုဆောင်ရွက်ဖို့ ကျွန်မတို့ ကမ္ဘာ့ဘဏ်နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ Proces တစ်ခုကိုလည်း လုပ်ထားပြီးပါပြီ။ ဒီအပေါ်မှာ ကျွန်မတို့လုပ်တာ နည်းနည်းအကြမ်းဖျင်းကျတယ်ဆိုပြီးတော့ ကမ္ဘာ့ဘဏ်က အသေးစိတ်ပြန်ပြီး proposal တင်တာလည်း ရှိပါတယ်။ ဒီဟာကိုမူတည်ပြီးတော့ အွန်လိုင်းစနစ်မှာ risk မရှိတဲ့ building တွေဆိုရင်၂ဝ၁၉ ခုနှစ် အစပိုင်းမှာ စနိုင်ဖို့ ဆောင်ရွက်နေပါတယ်။
ဒီလိုဆောင်ရွက်တဲ့အခါ ငွေပေးချေမှုကိုပါ အားလုံးဆောင်ရွက်နိုင်ဖို့ ကျွန်မတို့ဆီမှာ ရန်ကုန်မြို့တော်စည်ပင် ဘဏ်ရှိပါတယ်။ အဲဒီဘဏ်မှာ settlement ဘဏ်အနေနဲ့ဆောင်ရွက်ပြီးတော့ ကျန်တဲ့ဘဏ်တွေနဲ့ပါ တစ်ပေါင်း တည်း ဆောင်ရွက်နေပါတယ်။ နောက်ပိုင်းမှာ မိုဘိုင်းဘဏ်လုပ်ငန်းအနေနဲ့ပါပေးနိုင်အောင် ဆောင်ရွက်နေပါ တယ်။ ကျန်တဲ့ high risk အထိ အကုန်လုံးကိုလည်း၂ဝ၁၉ ခုနှစ်မှာ အွန်လိုင်းဆောင်ရွက်နိုင်ဖို့ စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။
လုပ်ထုံးလုပ်နည်းတွေနဲ့ process တိုင်းမှာ ဘာလိုပါ တယ်ဆိုတဲ့ အချက်အလက်တွေကို လုပ်ငန်းရှင်တွေက တိတိကျကျ မသိတဲ့အခါ သိအောင် မပြောနိုင်တာကျွန်မတို့ဘက်က အားနည်းချက်ပါ။ ပွင့်လင်းမြင်သာမှုနဲ့ ဆက်သွယ်မှုအားနည်းတာ ရှိပါတယ်။ ဆိုလိုချင်တာက ကျွန်မတို့ဘက်က ဒီအချက်တွေနဲ့ ကိုက်ညီမှသာလျှင် တင်လို့ရတယ်ဆိုပေမယ့် မကိုက်ညီတဲ့ပုံစံတွေရှိပါတယ်။
မကိုက်ညီတဲ့ ပုံစံတွေကို ပြန်ပြင်ပါပြောတဲ့အခါလုပ်ငန်းရှင်အနေနဲ့က လာတင်ပြီးသွားကတည်းက တင်ပြီးပြီလို့ ထင်ကြတယ်။ တင်လိုက်ပြီးတော့ မူဘောင်နဲ့မကိုက်တာကို ပြန်ပြင်ဖို့ကျ တစ်လနဲ့ မလာ၊ နှစ်လနဲ့ မလာတာ ရှိပါတယ်။ အရင်တုန်းက နှုတ်ကပြောတယ်၊
အခုတော့ မှတ်တမ်းဖြစ်အောင် စာနဲ့ရေးပို့ပါတယ်။ပြန်ပြင်ခိုင်းထားတာ ဘယ်လောက်ရှိပါပြီ၊ မလာသေးပါဘူး ဆိုပြီး မှတ်တမ်းထားပါတယ်။ ဒါပေမယ့် လုပ်ငန်းရှင်ကကျတော့ တင်ပြီးပြီလို့ပဲထင်ပြီး မှတ်သားထားပါတယ်။ ဒါကြောင့် ကမ္ဘာ့ဘဏ်က လက်ခံပါပြီဆိုတဲ့အကြောင်းစာရွက်စာတမ်းထုတ်ပေးလိုက်ပြီးမှ မှတ်သားတာလုပ်ရမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။
နိုင်ငံတကာမှာလည်း ဒီလိုပဲ လုပ်ကြပါတယ်။လုပ်ငန်းရှင်တွေဘက်က အရိုးစွဲတာရှိပါတယ်။ နည်းနည်း စောင့်လိုက်ရင် အဆင်ပြေမလား၊ ပြောရင်ရမလားဆိုပြီးစောင့်နေတာမျိုးရှိပါတယ်။ ဒါက လက်တွေ့ပါ။ မူဘောင်နဲ့ ညီရင် မြန်ပါတယ်။ မူဘောင်မဝင်တာဆိုရင်တော့ မူဘောင်ဝင်အောင်မလုပ်ရင် ကြာပါလိမ့်မယ်။ အွန်လိုင်းစနစ်နဲ့ သွားမယ်ဆိုရင်တော့ မူဘောင်မဝင်ရင် နဂို ကတည်းက ဖြတ်ချလိုက်မှာဖြစ်ပါတယ်။ နောက်တစ်ခုကောင်းတာက အွန်လိုင်းစနစ်နဲ့က မူဘောင်နဲ့ကိုက်ညီရင် mobile phone နဲ့ စစ်ဆေးတဲ့စနစ်ပါ ပါမှာဖြစ်ပါတယ်။
ဒါကို ကျွန်မတို့ ၂ဝ၁၉ ခုနှစ်မှာ စပြီးဆောင်ရွက်ဖို့ လုပ်နေပါတယ်။ အရင်တုန်းကဆိုရင် Online application ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမမှာပဲ တင်လို့ရတယ်။ ပြီးခဲ့တဲ့နှစ်တွေကတည်းက အွန်လိုင်းစနစ်ကို ဆောင်ရွက်ခဲ့ပါတယ်။ ဆိုလိုတာက ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ ၃၃ မြို့နယ် ရှိတယ်။ ကျန်တဲ့နေရာတွေမှာလည်း အွန်လိုင်းတင်လို့ ရပါတယ်။ ဒါပေမယ့် ဘယ်သူမှမတင်ခဲ့ပါဘူး။ ကမ္ဘာ့ဘဏ်နဲ့လုပ်မယ့် အစီအစဉ်မှာတော့ ကျွန်မတို့ရဲ့ အွန်လိုင်းစနစ်ကို ပြန်ကြည့်ပါတယ်။
ကျွန်မတို့ အရင်က လုပ်တာက partially ပေါ့။ တင်တာသာ အွန်လိုင်းကတင်ရတယ်။ ငွေသွင်းတာကျတော့ လာသွင်းရတဲ့ အတွက်မထူးဘဲ လူတွေနဲ့ ဆက်ဆံမှုလုပ်နေရသေးတယ်။ အခုတော့ နှစ်ပိုင်းလုပ်မှာ ဖြစ်ပါတယ်။ ပထမအပိုင်းကအွန်လိုင်းမှာ တင်ချင်လည်းတင်၊ မဟုတ်ရင်လည်း one stop service ပေါ့။ အခုလော လောဆယ်ကို မန္တလေးမှာကို SMS နဲ့ပို့ပြီး construction permit အဆင့်တွေကို application နဲ့ပို့ပြီး ဆောင်ရွက်နေတာရှိပါတယ်။ ကျွန်မ တို့နဲ့ မန္တလေးနဲ့ နေပြည်တော်နဲ့ရော ဆွေးနွေးမှုတွေ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Doing Business က မြို့ကြီးတွေ အကုန်လုံးညှိပြီး ဆောင်ရွက်ရမယ့် အနေ အထားရှိပါတယ်။ ဒီအခြေအနေကို ကမ္ဘာ့ဘဏ်ကို ပြောတဲ့ အခါ ကမ္ဘာ့ဘဏ်က ကျွန်မတို့အနေနဲ့ ဒီလိုလုပ်ဖို့ မလိုပါ ဘူး။ ဒါကို အမခေု လုပ်လို့ရမှာပါလို့ ပြောပါတယ်။ ဒီလို တွေမလုပ်နိုင်တဲ့ သူတွေအတွက်ကို one stop service မှာ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
ဒုတိယဝန်ကြီး။ ။ ခုနက ဆွေးနွေးချက်တွေကို ဒုတိယဝန်ကြီးနားထောင်ကြည့်တဲ့အခါ အချက်နှစ်ချက်ကို တွေ့ရပါတယ်။ တစ်ချက်က မြန်မာတွေရဲ့ဓလေ့ထုံးစံပါ။ ပြီးတော့ တွေးခေါ်မှုတွေပါ။ အရိုးစွဲနေတာ က ရုံးနဲ့ ပတ်သက်ရမှာ ကြောက်ကြတယ်။ ကြောက်တဲ့အခါ ပွဲစားတွေနဲ့လုပ်တဲ့ သဘောရှိပါတယ်။ နောက်တစ်ချက် နည်းပညာ ပြောင်းလဲတာပါ။ လူလူချင်း မထိတွေ့ဘဲနဲ့နည်းပညာနဲ့လုပ်တာ အကောင်းဆုံးပါပဲ။ လူလူချင်း မထိာယတွေ့ရဘူးဆိုတာ ခုနကပြောတဲ့ အွန်လိုင်းစနစ်ကို ပြောတာါ။ အွန်လိုင်းကနေ အကုန်လုံးလုပ်မယ်ဆိုရင် အဂတ လိုက်စားမှုလည်း မရှိတော့ဘူး။ နောက်ဆုံး solution က နိုင်ငံတော်အစိုးရက လုပ်နေတဲ့ e-government ပါ။ e-government က ဖြစ်နေတဲ့ အခက်အခဲတွေကိုကျော်လွှား နိုင်မှာပါ။ e-government က Doing Business ကို ထိရောက်နိုင်မယ့်နည်းလမ်းတစ်ခုပါလို့ ပြောချင်ပါတယ်။
ဦးတင်အောင်။ ။လျှပ်စစ်မှာလည်း လျှောက်ထားတဲ့အခါ အချိန်၊ ကုန်ကျစရိတ်၊ လုပ်ထုံုးပ်နည်းတွေ သတ်မှတ်ထားတာ ရှိပါတယ်။ အဲဒီလိုသတ်မှတ်ထားတာကိုလည်း မြို့နယ်တိုင်းမှာ ကြေညာ ထားပါတယ်။ အဲဒီမှာ အိမ်သုံးမီတာ လျှောက်ထားတယ်ဆိုရင် တစ်ရက်အတွင်း တပ်ဆင်ပေးမယ်၊ ပါဝါမီတာ လျှောက်ထား တယ်ဆိုရင် တစ်ပတ်အတွင်း အပြီးတပ် ဆင်ပေးရမယ်။ ကိုယ်ပိုင်ထရန်စဖော်မာ လျှောက်ထား တယ်ဆိုရင် တစ်လအတွင်း အပြီးတပ်ဆင်ပေးရမယ်ဆိုပြီးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို မြို့နယ်တိုင်း မှာပြည် သူတွေကို အသိပေးထားပါတယ်။
ဒါပေမယ့် နည်းနည်းအားနည်းချက်ဖြစ်နေတာကတစ်လအတွင်းဆိုပေမယ့် တစ်လကျော်သွားတာရှိပါတယ်။ အဲဒါကလည်း လျှောက်ထားသူက ပြည့်စုံမှအချိန်မီရမှာပါ။ ကျွန်တော်တို့ စစ်ဆေးတဲ့အခါ ပါဝင်ရမယ့် အချက် အလက်တွေ ပြည့်စုံရင် သတ်မှတ်ရက်ပြီးပါတယ်။ မပြည့်စုံရင်တော့သတ်မှတ်ရက် မဟုတ်ဘဲ ပြန်ပြီး စိစစ်ရတာကြောင့် ကြာနိုင်တယ်ဆိုတာ ပြည်သူကို အသိပေးချင်ပါတယ်။ ပြည်သူကို လျှပ်စစ်ဓာတ် အားရ စေချင်တာက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရဲ့ ရည်ရွယ်ချက်ပါ။ မီးပြတ်တောက်မှု မရှိရေး၊ လျော့နည်း ရေးကိုလည်း အစွမ်းကုန် ကြိုးစားနေပါတယ်။
အဲဒီလိုလုပ်တဲ့အခါ ကာလတို၊ ကာလလတ်၊ ကာလရှည် သတ်မှတ်လုပ်ဆောင်နေပါတယ်။ လုပ်တဲ့အခါမှာ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အနေနဲ့လည်း မီးပြတ်တောက်မှုရှိအောင် ဆောင်ရွက်တယ်။ဒီလိုမီးမပြတ်ဖို့က အရန်ဓာတ်အားလိုင်းက အရေးကြီးပါတယ်။
ဓာတ်အားလိုင်းက တစ်လိုင်းတည်းရှိတယ်ဆိုရင် အဲဒီဓာတ်အားလိုင်းက အကြောင်းတစ်ခုခုကြောင့် မီးပြတ်သွားရင် နောက်ထပ် အရန်ဓာတ်အားလိုင်းမရှိရင် မီးပြတ်တောက်ချိန် ကြာသွားမှာပါ။ ဒါကြောင့်မို့ ရန်ကုန် မှာ အရန်ဓာတ်အားလိုင်းနဲ့ပေးနိုင်ဖို့ ဆောင်ရွက်နေတယ် ဆိုတာ ပြည်သူကို သတင်းစကားပါးချင်ပါတယ်။ နောက်တစ်ခုက ပြည်သူပါဝင်သော လျှပ်စစ်ဆိုတာ ဖြစ်အောင်ပါ။ မီးပြတ်ပြီဆိုတာနဲ့ မြို့နယ်ရုံးတွေ၊ call centerတွေရဲ့ ဖုန်းနံပါတ်တွေ အသိပေးကြေညာပြီးသားပါ။
မြို့နယ်တွေမှာလည်း ဗီနိုင်းတွေ ကပ်ထားပေးပါတယ်။ လျှပ်စစ်နဲ့ ပတ်သက်လို့ တစ်ခုခုဆက်သွယ်ရင် ချက်ချင်း ဆောင်ရွက်ပေးပါတယ်။ နောက်တစ်ခု ရန်ကုန်မြို့တော် လျှပ်စစ်မှာ အိုင်ကွန်ဖုန်းတွေ ပေးထားပါတယ်။ တစ်ယောက်က စကားပြောရင် အကုန်ကြားတဲ့အတွက် ချက်ချင်း response ယူပါတယ်။ quick response ယူပြီးမီးပြတ်ချိန်လျှော့ချနိုင်အောင် ဆောင်ရွက်နေတယ်ဆိုတာကိုလည်း အသိပေးပြောကြားချင်ပါတယ်။
ဦးဇေယျသူရမွန်။ ။ပြည်သူလူထုထဲမှာရှိတဲ့ စီးပွားရေးဦးဇေယျသူရမွန် လုပ်ငန်းရှင်တွေ၊ ဒီစီးပွားရေးလုပ်ငန်း ထဲမှာပါဝင်တဲ့ lawyer တွေ၊ accounting firm တွေ၊ advisory firm တွေ၊ ကိုယ်ပိုင်လုပ်ငန်းရှင်တွေအားလုံး ကို ပြောချင်တာက အစိုးရအပိုင်းအနေနဲ့ ပြင်လို့ရတဲ့ အပိုင်းတွေကို ကမ္ဘာ့ဘဏ်နဲ့ပေါင်းပြီး ပြင်ဆင်ထားတယ်။
အရင်ကတည်းက ပြင်ဆင်ပြီးဖြစ်ပေမယ့် ကမ္ဘာ့ဘဏ်မှာ မှတ်တမ်းမဖြစ်တာတွေကိုလည်း မှတ်တမ်းဝင်အောင် လုပ်တယ်။ အချက်အလက်တွေကို ပြင်ဆင်မှုတွေလုပ်တယ်။
လုပ်တဲ့အခါမှာ ကမ္ဘာ့ဘဏ်က ကျွန်တော်တို့ဆီက အချက်အလက်ယူထားတယ်။ စစ်တမ်းမေးခွန်း ဖြေဆိုသူတွေ ကမ္ဘာ့ဘဏ်ကမေးတဲ့အခါ ကိုက်ညီမှုမရှိဘူး။ မကိုက်ညီတဲ့အခါ ကမ္ဘာ့ဘဏ်က ဘယ်ဟာကို အတည်ယူ ရမှန်းမသိဘဲ စောင့်ကြည့်မယ်ဆိုပြီးဖြစ်သွားတယ်။ နောက်တစ်နှစ်မှာတော့ ဒီဟာတွေရှင်းလင်းသွားရင် အမှတ်ရမှာပါ။ ကမ္ဘာ့ဘဏ်က မေးခွန်းတွေ မေးတဲ့အခါမှာလည်းသေချာမဖြေတာ၊ ပြီးအောင် မဖြေတာ တာမျိုးတွေရှိတယ်။
မေးခွန်းဖြေတဲ့ business community ကလည်း အရေးကြီးပါတယ်။ မေးတဲ့အခါ ဟုတ်တယ်လို့ ဖြေရင် နောက်ထပ် မေးခွန်းတွေ ဖြေရမှာဖြစ်ပါတယ်။ မဖြေရ အောင် မဟုတ်ဘူးလို့ဖြေလိုက်ရင် အမှတ်က လျော့သွား မှာဖြစ်ပါတယ်။ မေးခွန်းတွေကို နားမလည်ရင်လည်း အခု call center တွေရှိနေပါပြီ။ indicator တိုင်းမှာ call centerတွေရှိနေပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း စုံစမ်းကြည့်ပြီးပါပြီ။ သတင်းအချက်အလက် အမှန်ရပါတယ်။ တကယ်အလုပ်လုပ်နေပါပြီ။
တကယ်အလုပ်လုပ်၊ မလုပ်ကိုလည်း ဒုတိယဝန်ကြီးကိုယ်တိုင်လည်း စစ်ဆေးပါတယ်။ သတင်းအချက်အလက် အမှန်ကို ဖြေပေးနိုင်ရင် နောင်နှစ်မှာဆိုရင် ဒီထက် ပိုကောင်းတဲ့ Ranking တစ်ခု ရောက်ရှိမှာ ဖြစ်ပါတယ်။ Ranking ကောင်းမှ ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ တန်ဖိုးတွေ တက်လာမှာဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ မဆင်းရဲပါဘူးဆိုတဲ့အကြောင်းကို ကမ္ဘာကိုသိအောင် လုပ်ရတာဖြစ်ပါတယ်။
သတင်း-ရှင်မင်း
ဓာတ်ပုံ-အေးသန်း

No comments:

Post a Comment