Tuesday, December 4, 2018

ဆောက်သမ်တန်က မာခ်ဟုဂ်ျအား နည်းပြအဖြစ်မှ ထုတ်ပယ်

Image may contain: 2 people

ဆောက်သမ်တန်အသင်းသည် နည်းပြ မာခ်ဟုဂ်ျအား ရှစ်လကြာတာဝန်ယူကိုင်တွယ်စေခဲ့ပြီးနောက် အသင်း နည်းပြအဖြစ်မှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဆောက်သမ်တန်အသင်းသည် စနေနေ့ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်တွင်လည်း မန်ယူ အသင်းနှင့် တစ်ဖက်နှစ်ဂိုးစီသရေရလဒ်သာထွက်ပေါ်ခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၁၈ နေရာ တွင်ရပ် တည်လျက်ရှိသည့်အသင်းဖြစ်သည်။

နည်းပြ မာခ်ဟုဂ်ျအား အသင်းနည်းပြအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အတိအလင်းပြောကြားခဲ့ပြီးနောက် နည်းပြသစ်တစ်ဦးကိုရှာဖွေရန်လည်း အသင့်ရှိနေကြောင်း ဆောက်သမ်တန်အသင်းကဆိုသည်။

လက်ရှိနည်းပြသစ်ရှာဖွေနေချိန်တွင် လက်ထောက်နည်းပြချုပ်ဖြစ်သည့် ကီလ်ဗင်ဒေးဗစ်က ဒီဇင်ဘာ ၅ ရက်တွင် စပါးအသင်းနှင့်ကစားရမည့်ပွဲစဉ်တွင် တာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။

နည်းပြ မာခ်ဟုဂ်ျသည် ဆောက်သမ်တန်အသင်းသို့ မပြောင်းရွှေ့မီက စတုတ်စီးတီးအသင်းနည်းပြအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး စတုတ်စီးတီးအသင်းတွင် ရလဒ်မကောင်းခဲ့သဖြင့် ထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်သည်။

ဆောက်သမ်တန်အသင်းသည် မန်ယူအသင်းနှင့် သရေပွဲမဖြစ်ခင်က တန်းဆင်းဇုန်အတွင်း အောက်ဆုံး တွင်ရပ်တည်နေသည့် ဖူလ်ဟမ်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အီးအက်ဖ်အယ်လ်ဖလားပွဲစဉ်တွင်လည်း လက်စတာစီးတီးအသင်းကို ပင်နယ်တီဖြင့် ရှုံးနိမ့်ကာပြိုင်ပွဲမှ ထွက်ခဲ့ရသည့်အသင်းဖြစ်သည်။

ငွေကြယ်-ရေးသားသည်

No comments:

Post a Comment