Tuesday, December 4, 2018

ပြင်သစ်တွင်ဖြစ်ပွားနေသည့် ဆန္ဒပြမှုများကြောင့် တူရကီခရီးသွားများအား သတိပေးချက်ထုတ်ပြန်

Image may contain: one or more people, sky, cloud, tree and outdoor

အန်ကာရာ ဒီဇင်ဘာ ၃

ပြင်သစ်နိုင်ငံ မြို့တော်ပါရီနှင့် အခြားမြို့များတွင် ဖြစ်ပွားနေသည့် အဝါရောင်စွပ်ကျယ်ဝတ် ဆန္ဒပြသမားများ၏ အကြမ်းဖက်မှုများကြောင့် ပြင်သစ်နိုင်ငံသို့ သွားရောက်ကြမည့် တူရကီနိုင်ငံသား ခရီးသွားများအား သတိ ပေးချက်ကို တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြင်သစ်နိုင်ငံတွင် နေထိုင်ကြသည့် တူရကီနိုင်ငံသားများနှင့် ပြင်သစ်နိုင်ငံသို့ သွားရောက်ကြမည့် တူရကီနိုင်ငံ သားများသည် ဆန္ဒပြမှု ဖြစ်ပွားနေသည့် ဒေသများကိုရှောင်ရှားရန်နှင့် အန္တရာယ်ရှိသော နေရာများ၏ အဝေး တွင် နေထိုင်သွားလာကြရန် သတိပေးထားသည်။

ပြင်သစ်နိုင်ငံတွင် လောင်စာဆီဈေးနှုန်းများ မြင့်တက်ခြင်း ကြောင့် လူထုက ၎င်းတို့၏ အမျက်ဒေါသများကိုဖော်ပြရန် အဝါရောင်စွပ်ကျယ်ဝတ်လှုပ်ရှားမှုများကိုဒီဇင်ဘာ ၁ ရက်တွင် တတိယမြောက်နေ့အဖြစ် ဆန္ဒပြမှုများ လုပ်ဆောင်နေပြီး မြို့တော်ပါရီနှင့် ပြင်သစ်နိုင်ငံ၏ ဒေသအချို့ တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

မြို့တော်ပါရီတွင် ငြိမ်းချမ်းစွာ ဆန္ဒပြရန် စီစဉ်ထားမှုများသည် မကြုံစဖူးသော အကြမ်းဖက်မှုကြီးအသွင် ပြောင်းလဲသွားခဲ့ပြီး ပဋိပက္ခဖြစ်ပွားမှုများကြောင့် သေကျေဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်။

ဆင်ဟွ

No comments:

Post a Comment