Tuesday, December 4, 2018

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတကသိုလ်များ အားကစားပြိုင်ပွဲ မြန်မာလက်ရွေးစင် အားကစား သမားများအတွက် အလှူငွေပေးအပ်လှူဒါန်


Image may contain: 2 people, people standing


နေပြည်တော် ဒီဇင်ဘာ ၃

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင်မြန်မာလက်ရွေးစင် အားကစား သမားများ အောင်မြင်မှုရရှိနိုင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို ယနေ့ ညနေ ၃နာရီတွင် ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာတပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသော အလှူငွေကျပ်သိန်း ၁ဝဝ နှင့် အင်အားပြည့် ကြက်ဥ ၃၂ဝ၆ လုံးတို့ကိုနေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က လှူဒါန်းပေးအပ်ရာ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လက်ခံရ ယူပြီးကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်သည်။

ပြိုင်ပွဲပေါင်း ၂ဝ၁ မျိုး ထည့်သွင်းကျင်းပမည်

ပြိုင်ပွဲပေါင်း ၂ဝ၁ မျိုး ထည့်သွင်းကျင်းပမည် အဆိုပါ (၁၉) ကြိမ်မြောက် အရှေ့တောင် အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲကို နေပြည်တော်တွင် ဒီဇင်ဘာ ၁ဝ ရက်မှ ၁၉ ရက်အထိ ၁ဝ ရက်ကြာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပမည်ဖြစ်ပြီး အားကစားပြိုင်ပွဲတွင် မြန်မာ နိုင်ငံအပါအဝင် နိုင်ငံပေါင်း၁၁ နိုင်ငံမှ အားကစားသမား ၂ဝဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အား ကစားနည်း ၁၇ နည်းကို ပြိုင်ပွဲပေါင်း ၂ဝ၁ မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment