Tuesday, December 4, 2018

တောင်ကိုရီးယားလေတပ်၏ ငါးရက်ကြာစစ်ရေးလေ့ကျင့်မှု စတင်ပြုလုပ်

Image may contain: cloud, sky, outdoor and nature

ဆိုးလ် ဒီဇင်ဘာ ၃

ယခုနှစ်အတွင်း အမေရိကန်နှင့် တောင်ကိုရီးယား လေတပ်တို့၏ တိုက်ပွဲဝင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ရပ်နား ထားပြီးနောက်တောင်ကိုရီးယားလေတပ်သည် ၎င်းတို့၏လေယာဉ်များ တိုက်ပွဲဝင် အသင့်ရှိမှုအတွက် စစ်ရေး လေ့ကျင့်မှုကို ဒီဇင်ဘာ ၃ ရက်တွင်စတင် ပြုလုပ်ခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ ငါးရက်ကြာမြင့် မည်ဖြစ် ကြောင်း ဒေသတွင်းသတင်းဌာနများကတောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ရုံး (ဂျေစ အက်စ်)၏ ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြသည်။

ယင်းစစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားလေတပ်၏တိုက်ပွဲဝင် အသင့်ရှိမှုအားထိန်းသိမ်းရေးနှင့် လေယာဉ် မှူးများ၏လေယာဉ်မောင်းနှင် တိုက်ပွဲဝင်နိုင်မှု စွမ်းရည်မြှင့်တင်ရေးအတွက် ရည်ရွယ်ပြု လုပ်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ရုံး(ဂျေစီအက်စ်)က ပြောကြားသည်။

တောင်ကိုရီးယားလေတပ်၏ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် စစ်သည်ဦးရေနှင့်လေယာဉ်အရေအတွက်ကိုမူ အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေ။

ကိုရီးယားကျွန်းဆွယ်တွင် အဏုမြူကင်းစင်ရေးဆွေးနွေးပွဲများ ချောမွေ့စွာဖြစ်ပေါ်ရေးအတွက် အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ နှစ်စဉ်ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုများကိုရပ်ဆိုင်းထားချိန်တွင် တောင်ကိုရီး ယားလေတပ်၏စစ်ရေးလေ့ကျင့်မှုကို စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆင်ဟွာ

No comments:

Post a Comment