Tuesday, December 4, 2018

သီပေါမြို့လယ်ချောင်း အမှိုက်များပိတ်ဆို့မှု ရှင်းလင်းရန်လိုအပ်နေ



Image may contain: one or more people and outdoor
ထင်သာမြင်သာ ပြုပြင်စရာ


ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ ပန်းတိမ်မြောက်ရပ်ကွက် သဇင်လမ်းနှင့် အောင်သပြေလမ်း၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးအနီး လမ်းလေးခွဆုံရာ မြို့လယ် ချောင်းအတွင်း အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် မြင်မကောင်းအောင် အမှိုက်များ စုပုံပိတ်ဆို့နေပြီး ရေစီးရေလာ စီးဆင်းမှု ဟန့်တားလျက်ရှိသည်ကို နိုဝင်ဘာ ၂၉ ရက်က မြင်တွေ့ရသည်။
သီပေါမြို့သည် သာယာလှပပြီး ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ နေ့စဉ် လာရောက်လည်ပတ် အပန်းဖြေရာမြို့ ဖြစ်သည်နှင့်အညီ အဆိုပါချောင်းအတွင်း ရှိ အမှိုက်ပုံကြီးကြောင့် မြို့၏သာယာလှပ ကောင်းမွန်သောပုံရိပ် ပျက်ပြားစေပြီး ဧည့်သည်များ အထင်မြင်သေးစရာဖြစ်စေ သည့်အပြင် ရေစီးရေလာရပ်တန့်ပြီး ချောင်းရေလျှံ၍ လမ်းပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်ကာကွယ် ရှင်းလင်းရန် လိုအပ်ကြောင်း ယင်း ရပ်ကွက်မှ ပြည်သူများက ပြောသည်။
စိုင်း(သီပေါ)

No comments:

Post a Comment