Tuesday, December 4, 2018

ဗီလာရီးယဲလ်အသင်းကို နှစ်ဂိုးပြတ်နိုင်ပြီး အမှတ်ပေးဇယားထိပ်ဆုံး၌ ဘာစီလိုနာ ဆက်လက်ဦးဆောင်

Image may contain: 2 people, people playing sports and outdoor

ဘာစီလိုနာအသင်းသည် စပိန်လာလီဂါပွဲစဉ် ၁၄ တွင် ဗီလာရီးယဲလ်အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားကိုဆက်လက်ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ဗီလာရီးယဲလ်အသင်းအား ခက်ခက်ခဲခဲကစားခဲ့ရပြီးပွဲကစားချိန် ၃၆ မိနစ်တွင် ရရှိခဲ့သည့် ပီကေး၏ သွင်းဂိုးနှင့် ၈၇ မိနစ်တွင် ရရှိခဲ့သည့်အယ်ကာဆာ၏ သွင်းဂိုးတို့ဖြင့် နှစ်ဂိုးပြတ် အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းအတွက် ယခုနိုင်ပွဲသည် ငါးပွဲတွင် နှစ်ပွဲမြောက်အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး ဗီလာရီးယဲလ် အသင်းသည်လည်းယခုပွဲ ရှုံးပွဲကြုံခဲ့ရခြင်းကြောင့် တန်းဆင်းဇုန်အထက်တွင် ကပ်လျက်ရပ်တည်နေခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ဗီလာရီးယဲလ်အသင်းနှင့် ပွဲစဉ်တွင် ခက်ခက်ခဲခဲကစားခဲ့ရ ခြင်းမှာ ကစားသမား အများ အပြားဒဏ်ရာပြဿနာဖြင့် ကြုံတွေ့နေခြင်းကြောင့်ဖြစ်သည်။ လက်ရှိတွင် ဘာစီလိုနာအသင်း၌ ဆွာရတ်ဇ်၊ အမ်တီတီ၊ ဗာမေလန်၊ ရာဖင်ဟာစသည့်ကစားသမားများ ဒဏ်ရာရရှိနေခြင်း ဖြစ်သည်။

အမှတ်ပေးဇယားအဆင့် ၂ နေရာတွင်ရပ်တည်လျက်ရှိသည့် ဆီဗီလာအသင်းမှာမူအဆင့် ၄ နေရာက အလာဗက်စ်နှင့် တစ်ဖက်တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ခြင်းကြောင့်အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည် နိုင်မည့် အခွင့်အရေးနှင့် လွဲခဲ့ရသည်။

ငွေကြယ် - ရေးသားသည်

No comments:

Post a Comment