Wednesday, December 5, 2018

နည်းပြအဖြစ်မှ ထုတ်ပယ်လိုက်သည့် မာခ်ဟုဂ်ျ နေရာတွင် အစားထိုးရန် လိုက်ဇစ်အသင်းနည်းပြဟောင်း ဟက်ဆန်ဟွတ်တီအား ဆောက်သမ်တန် ပစ်မှတ်ထားနေ

Image may contain: 1 person, standing and outdoor

ပရီမီယာလိဂ်ကလပ် ဆောက်သမ်တန်အသင်းသည် နည်းပြ မာခ်ဟုဂ်ျကို အသင်းနည်းပြအဖြစ်မှ ထုတ်ပယ်ခဲ့ပြီးနောက် လိုက်ဇစ် အသင်းနည်းပြဟောင်း ဟက်ဆန် ဟွတ်တီဖြင့် အစားထိုးရန် ပစ်မှတ် ထားလျက်ရှိကြောင်း သိရသည်။

ဆောက်သမ်တန်အသင်းသည် နည်းပြမာခ်ဟုဂ်ျအား ရလဒ်ပိုင်း ဆိုးရွားမှု များဖြစ်ပေါ်ခဲ့ခြင်းကြောင့် အသင်း ၏နည်းပြသက်တမ်း ရှစ်လအကြာတွင် ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ သြစတြေးလျနိုင်ငံသား ဟက်ဆန် ဟွတ်တီ သည်လိုက်ဇစ်အသင်းတွင် နှစ်နှစ်ကြာဖြတ်သန်းခဲ့ ပြီးနောက် မေလအတွင်းကအသင်းနည်းပြအဖြစ်မှ ထုတ်ပယ် ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အသင်းလက်မဲ့ဖြစ် နေကြောင်း သိရသည်။

နည်းပြ ဟက်ဆန်ဟွတ်တီသည် လိုက်ဇစ်အသင်းကို စတင်ကိုင်တွယ်ခဲ့သည့် ပထမရာသီမှာပင် လိုက်ဇစ် အသင်းကို ဂျာမန် ဘွန်ဒက်လီ၃ါပြိုင်ပွဲတွင် အမှတ်ပေးဇယား၏ ဒုတိယနေရာသို့ တက်လှမ်းခွင့်ရရှိ အောင်စွမ်း ဆောင်ပေးနိုင်ခဲ့သူလည်းဖြစ်သည်။

ပြီးခဲ့သည့်ဘောလုံးရာသီကမူ ဟက်ဆန်ဟွတ်တီသည် လိုက်ဇစ်အသင်းအား အမှတ်ပေးဇယား၏ အဆင့် ၆ နေရာတွင် ရပ်တည်ခွင့်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း လိုက်ဇစ်အသင်းကမူ စာချုပ်သက်တမ်း တိုးမြှင့်ခြင်းမရှိခဲ့သဖြင့် အသင်းနည်းပြအဖြစ်မှ ထွက်ခွာခဲ့ရသူဖြစ်သည်။

ဆောက်သမ်တန်အသင်းသည် လက်ရှိတွင် လက်ထောက်နည်းပြ ကီလ်ဗင်ဒေးဗစ်ကို ကိုင်တွယ်ခွင့်ပြုထားပြီး ဒီဇင်ဘာ ၅ ရက်တွင် ဝင်ဘလေကွင်း၌ယှဉ်ပြိုင်ကစားမည့် စပါးအသင်းနှင့် ပွဲစဉ်တွင် တာဝန်ယူကိုင် တွယ် ရမည်ဖြစ်ကြောင်း သိရသည်။

ငွေကြယ်-ရေးသားသည်

No comments:

Post a Comment