Tuesday, December 4, 2018

ရန်ကုန်မြို့၌(၁၄၉၃)ကြိမ်မြောက် တမန်တော်နေ့အခမ်းအနား ကျင်းပ

Image may contain: one or more people and crowd
ရန်ကုန် ဒီဇင်ဘာ ၃
(၁၄၉၃) ကြိမ်မြောက် တမန်တော်နေ့အခမ်းအနားကိုယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံ ဆရာဝန်များအသင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တမန်တော်နေ့အခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌ အလ်ဟာဂ်ျမုဖ်သီ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တမန်တော်နေ့ အခမ်းအနားကျင်းပရေးကော်မတီနာယက အငြိမ်းစားသံအမတ်ကြီး ဒေါက်တာလှမောင်က သြဝါဒအမှာစကား ချီးမြှင့်ပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသည့် အထူးဧည့်သည်တော်များက အမှာစကားပြောကြားကြပြီး တမန်တော်နေ့အခမ်းအနား ကျင်းပရေးကော်မတီဒုတိယ ဥက္ကဋ္ဌ ဓမ္မကထိက အလ်ဟာဂ်ျခလီဖာ ဦးအေးလွင်က တမန်တော်မြတ်၏ ဘဝနှင့်ဓမ္မအကြောင်းကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တမန်တော်နေ့အခမ်းအနားကျင်းပရေးကော်မတီဒုတိယဥက္ကဋ္ဌ အလ်ဟဂ်ျ ဦးလှဝင်းက မြတ်တမန်၏ ဂုဏ်တော်များအကြောင်းကို ရှင်းလင်းပြောကြားပြီးမြတ်တမန်တော်အပေါ်သို့ ကေရာမ်မေတ္တာပို့သကာဆုမွန်ဒိုအာဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
သတင်းနှင့် ဓာတ်ပုံ-ကိုထက်

No comments:

Post a Comment