Wednesday, December 5, 2018

ဝက်စ်ဟမ်းတိုက်စစ်မှူး ဟာနန်ဒက်ဇ် ဇန်နဝါရီအပြောင်းအရွှေ့တွင် အသင်းမှ
ထွက်ခွာမည်

Image may contain: 1 person, smiling, standing and text

ဝက်စ်ဟမ်းအသင်းမှ မက္ကဆီကိုတိုက်စစ်မှူး ဟာနန်ဒက်ဇ်သည် လာမည့်ဇန်နဝါရီအပြောင်း အရွှေ့ကာလတွင် အသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။တိုက်စစ်မှူးဟာနန်ဒက်ဇ်သည် စနေနေ့က နယူးကာ ဆယ်အသင်းကို ဝက်စ်ဟမ်းအသင်းက သုံး၃ိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ် တွင်ဝက်စ် ဟမ်းအသင်းအတွက်အကောင်းဆုံးခြေစွမ်းပြကစားခဲ့သူဖြစ်သည်။

ယင်းသို့ ခြေစွမ်းပြကစားနေသော်လည်း မန်ယူအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့၏ ကစားသမား ဟောင်း တစ်ဦးဖြစ်သည့် ဟာနန်ဒက်ဇ်အနေဖြင့် ဝက်စ်ဟမ်းအသင်းမှ ထွက်ခွာရန် စီစဉ်နေခြင်းဖြစ်သည်။

တိုက်စစ်မှူး ဟာနန်ဒက်ဇ်သည် ဝက်စ်ဟမ်းအသင်းမှ ထွက်ခွာကာ စပိန်လာလီ၃ါသို့ ပြန်လည်ကစားရန် ဆန္ဒရှိ နေပြီး စပိန်လာလီဂါကလပ် ရီးယဲလ်ဆိုစီဒက်အသင်းနှင့် ဗလင်စီယာအသင်းတို့ကလည်း ခေါ်ယူရန် ပစ်မှတ် ထားနေကြောင်း သိရသည်။

ဟာနန်ဒက်ဇ်အား ဝက်စ်ဟမ်းအသင်းက ပြောင်းရွှေ့ကြေးပေါင် ၁၆ သန်းဖြင့် စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဝက်စ်ဟမ်းအသင်းသို့ စတင်ရောက်ရှိသည့် ဘောလုံးရာသီမှာပင် သွင်းဂိုးရှစ်ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။

ငွေကြယ်-ရေးသားသည်

No comments:

Post a Comment