Wednesday, December 5, 2018

(၄၈ ) ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ် စက်ဘီးပြိုင်ပွဲ
ကျင်းပ

Image may contain: bicycle and outdoor

မန္တလေး ဒီဇင်ဘာ ၅

ယနေ့ ပထမနေ့၌ အမျိုးသားကီလိုမီတာ ၉၁ တာဝေးစက်ဘီးပြိုင်ပွဲနှင့် အမျိုးသမီးကီလိုမီတာ ၅ဝ တာဝေး စက်ဘီးပြိုင်ပွဲကျင်းပရာ မန္တလေးတိုင်းဒေသကြီးမှ ကောင်းဝေယံက စံချိန် ၄၈.၁၁.၃ဝ ဖြင့် ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ ညီညီအောင်က ၄၈.၁၂. ဝ၉ ဖြင့် ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးမှ ဘုန်းပြည့် စိုးက ၄၈.၁၂.၈၉ ဖြင့် တတိယနှင့် အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ မသမုဒယက ၁.၃ဝ.၄၈.၁၄ ဖြင့် ပထမ၊ ရခိုင်ပြည်နယ်မှ မချိုဇင်ဦးက ၁.၃ဝ.၅ဝ ဖြင့် ဒုတိယ၊ ကချင်ပြည်နယ်မှ မမေမြတ်နိုးက ၁.၃ဝ.၅၂ ဖြင့် တတိယရရှိခဲ့ကြပြီးဒီဇင်ဘာ ၅ ရက်တွင် အမျိုးသမီးမီတာ ၅ဝဝ၊ မီတာ၃ဝဝဝ၊ အမျိုးသားမီတာ ၁ဝဝဝ၊ မီတာ ၃ဝဝဝတစ်ဦးချင်းစံချိန်ပြု ဗိုလ်လုပွဲပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

တင်မောင်

No comments:

Post a Comment