Monday, December 24, 2018

ဒုတိယဝန်ကြီး ဦးအောင်လှထွန်း The Global New Light of Myanmar သတင်းစာတိုက် စာတည်းအဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား တွေ့ဆုံ





Image may contain: one or more people, people sitting and indoor
ရန်ကုန် ဒီဇင်ဘာ ၂၃


 

 ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ The Global NewLight of Myanmar သတင်းစာ တိုက်စာတည်းအဖွဲ့ဝင်များနှင့် ဝန်ထမ်း များအား တွေ့ဆုံသည်။
ဖတ်ရကျိုးနပ်စေရန်လို
ဒုတိယဝန်ကြီး ဦးအောင်လှထွန်းကThe Global New Light of Mya- nmar သတင်းစာသည် နိုင်ငံတော်၏ အာဘော်ကို ထင်ဟပ်သည့် တစ်ခုတည်း သော အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေ သည့် သတင်းစာဖြစ်ကြောင်း၊ သို့သော် တစ်ဖက်သတ်ဝါဒဖြန့်ခြင်းမျိုး မဟုတ်ဘဲ သတင်းစာဖတ်ပရိသတ်အားလုံး ဖတ်ရ ကျိုးနပ်စေရန်လိုအပ်ကြောင်း၊ ထို့ကြောင့် သတင်းစာ အရည်အသွေးဘက်စုံပြည့်မီ တိုးတက်ကောင်းမွန်ရေး ကြိုးပမ်း အားထုတ်ဆောင်ရွက် သွားကြစေလို ကြောင်း ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်း
ထို့နောက် သတင်းစာတိုက်မှ တာဝန်ရှိသူများ၊ စာတည်းအဖွဲ့ဝင်များ နှင့် ဝန်ထမ်းများက လက်ရှိသတင်းစာ လုပ်ငန်းဆောင်ရွက်မှုနှင့် လုပ်ငန်း လိုအပ်ချက်များကို တင်ပြကြရာ ဒုတိယ ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီး သတင်းစာတိုက်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
သတင်းစဉ်

No comments:

Post a Comment