Monday, December 24, 2018

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ကိုရီးယားသမ္မတနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး





 နေပြည်တော် ဒီဇင်ဘာ ၂၃


 

 မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာရေးနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုအခြေအနေများ ပိုမိုတိုးတက်လာစေရေးအတွက် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့သို့ လေ့လာရေးခရီးသွားရောက်နေသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ဒီဇင်ဘာ ၂ဝ ရက်က ကိုရီးယား သမ္မတနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီး Mr. Hyunchong Kim နှင့် တွေ့ဆုံဆွေးနွေးသည်။
ကိစ္စရပ်များကိုဆွေးနွေး
ယင်းသို့ တွေ့ဆုံစဉ် မြန်မာ- ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် လက်ရှိဆောင်ရွက်နေသော ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး ဆောင်ရွက်နေမှုကိစ္စရပ်များကို ဆွေးနွေးကြသည်။
ပြန်လည်ရောက်ရှိ
ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြပြီး ဒီဇင်ဘာ ၂၂ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment