Tuesday, December 4, 2018

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာ ချန်းဟောင်အား တရုတ်နိုင်ငံသံရုံးက ညစာဖြင့် တည်ခင်းဧည့်ခံ

Image may contain: 9 people, people sitting, table, wedding and indoor
နေပြည်တော် ဒီဇင်ဘာ ၃
နေပြည်တော်၌ ရောက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ယူနန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာ ချန်းဟောင်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲကို ယနေ့ည ၇ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resortဟိုတယ်၌ ကျင်းပသည်။
ညစာစားပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ယူနန်ပြည်နယ်ပါတီကော်မတီ အတွင်း ရေးမှူး မစ္စတာ ချန်းဟောင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့က တရုတ်-မြန်မာနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆုတောင်း စကားများ ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ယူနန် ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူးနှင့် တက်ရောက် လာကြသူများသည် ညစာအတူတကွ သုံးဆောင်ကြသည်။
ညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဦးသန့်စင်မောင်၊ ဒေါက်တာသန်းမြင့်၊ ဦးစိုးဝင်းနှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြ သည်။
သတင်းစဉ်

No comments:

Post a Comment