Saturday, December 22, 2018

၂ဝ၁၈ ခုနှစ်သည် ဂျပန်နိုင်ငံတွင်ကလေးမွေးဖွားမှုအနည်းဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ဖွယ်ရှိ

Image may contain: 10 people, people sitting
တိုကျို ဒီဇင်ဘာ ၂၁
၂ဝ၁၈ ခုနှစ်သည် ဂျပန်နိုင်ငံတွင် နှစ်ပေါင်း ၁၂ဝ နီးပါးအတွင်း ကလေးမွေးဖွားမှု အနည်းဆုံးနှစ်ဖြစ်ဖွယ် ရှိကြောင်း အင်န်အိတ်ခ်ျကေ သတင်းတွင် ဖော်ပြသည်။
ဂျပန်နိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ လအတွင်း ကလေးမွေးဖွားမှုပေါင်း ၉၂၁ဝဝဝ ကို အခြေခံ၍ ကျန်းမာရေးဝန်ကြီးဌာနမှ ခန့်မှန်းပြောကြားခြင်း ဖြစ်သည်။
ယခုနှစ် ကလေးမွေးဖွားမှုအရေအတွက်သည် ယမန် နှစ်ကထက် ၂၅ဝဝဝ ခန့်ကျဆင်းခဲ့ပြီး ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားမှုကို စတင်မှတ်တမ်းတင်ခဲ့သည့် ၁၈၉၉ ခုနှစ်မှစ၍ ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးနှစ် ဖြစ်သည်။
ဂျပန်နိုင်ငံတွင် ယခုနှစ်အတွင်း သေဆုံးသူဦးရေသည် ၁ ဒသမ ၃၇ သန်းခန့်အထိ ရောက်ရှိမည်ဟု မျှော်လင့်ရ ကြောင်း၊ ယင်းပမာဏသည် ယမန်နှစ်ကထက် သေဆုံး သူဦးရေ ၂၉ဝဝဝ ပိုမိုပြီး ဒုတိယကမ္ဘာစစ်လွန်ကာလ တွင် သေဆုံးသူပမာဏ အမြင့်ဆုံးဖြစ်ဖွယ်ရှိသည်။
ယင်းရလဒ်ကြောင့် ဂျပန်နိုင်ငံ၏ လူဦးရေသည် ၄၄၈ဝဝဝ လျော့နည်းသွားမည်ဖြစ်ပြီး ယင်းမှာ ၁၂ နှစ် မြောက်တောက်လျှောက် လူဦးရေကျဆင်းခြင်းဖြစ်သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment