Saturday, December 22, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ခရစ္စမတ်ပွဲတော်နှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်





Image may contain: 12 people, people sitting, people standing, table and indoor
 နေပြည်တော် ‘ဒီဇင်ဘာ ၂၁



 နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့ညနေ ၅ နာရီခွဲတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ နေအိမ်၌ ကျင်းပသည့် ခရစ္စမတ်ပွဲတော်နှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်း အနားသို့ တက်ရောက်ကြသည်။
အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်း ဟိန်၏ဇနီး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ဇနီး၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ¤င်းတို့၏ဇနီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းနှင့်ဇနီး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် ဇနီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဇနီး၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့်ဇနီး၊ ဒုတိယ ဝန်ကြီးများနှင့် ¤င်းတို့၏ ဇနီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် များ၊ နေပြည်တော်ကောင်စီဝင်များ၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ ခရစ်ယာန် အသင်းတော်များမှ သင်းအုပ်ဆရာများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့်ဇနီး ဒေါက်တာရွှေလွှမ်းတို့က ကြိုဆို နှုတ်ဆက်ကြသည်။
အခမ်းအနားကို Rev. M.D. Chang Hkaw က ခရစ္စမတ်ဆုမွန် ကောင်းတောင်း၍ ဖွင့်လှစ်ပေးပြီး ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ခရစ္စမတ် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား သည်။
ထို့နောက် Sang Piက ခရစ္စမတ် ဓမ္မတေး သီဆိုချီးမွမ်းသည်။
ဆုတောင်းစကားပြောကြား
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ခရစ္စမတ်နှုတ်ခွန်းဆက် ဆုတောင်းစကား ပြောကြားသည်။
ယင်းနောက် Jesse Van Bawi င က ခရစ္စမတ်ဓမ္မတေးသီချင်းသီဆိုသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ခရစ္စမတ်နှုတ်ခွန်းဆက် ဆုတောင်းစကား ပြောကြားသည်။
ဆုတောင်းမေတ္တာပို့သ
ယင်းနောက် Rev.Dr. Toe Toe က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၊ နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံ အကြီးအကဲများအတွက် ဆုတောင်း မေတ္တာပို့သသည်။
ထို့နောက် Monsignor Basilio Soe Lin Aung က ခရစ်ယာန် ဂိုဏ်းပေါင်းစုံများကိုယ်စား နှုတ်ခွန်းဆက် စကား ပြောကြားသည်။
ဓမ္မတေးသီချင်းသီဆို
ယင်းနောက် Jennifer Ngun Sui Par က ခရစ္စမတ်ဓမ္မတေးသီချင်း သီဆိုသည်။
ထို့နောက် သိက္ခာတော်ရဆရာ Dr. Aye Min က ခရစ္စမတ်ဒေသနာ တော်ကို ဟောကြားပြီး ခရစ္စမတ်နှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများသည် ခရစ်တော်မွေးနေ့ မိတ်သဟာယညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာ သုံးဆောင်နေစဉ်အတွင်း တေးသံရှင်များက ခရစ္စမတ် တေးသီချင်း များကို သီဆိုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့သည် ခရစ္စမတ်အထိမ်းအမှတ် ကိတ်ကို အတူတကွ လှီးဖြတ်ကြသည်။
ဖယောင်းတိုင်ထွန်းညှိ
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာရွှေလွှမ်းတို့က ခရစ္စမတ် အထိမ်းအမှတ် ဖယောင်းတိုင်ကို ထွန်းညှိပေးကြသည်။
ယင်းနောက် The Most Revd. Stephen Than Myint Oo က ခရစ္စမတ် ဆုမွန်ကောင်းတောင်းပေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ခရစ္စမတ်တေးသီချင်း သီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။
သတင်းစဉ်

No comments:

Post a Comment