Saturday, December 22, 2018

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ မိုးသီးမုန်တိုင်းကျ

Image may contain: outdoor
ဆစ်ဒနီ ဒီဇင်ဘာ ၂၁
သြစတြေးလျနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ဆစ်ဒနီမြို့ တွင် ဒီဇင်ဘာ ၂၁ ရက်က လျှပ်စီးလက်မှုများ အစီအရီ ဖြစ်ပေါ်ပြီးနောက် မိုးသီးမုန်တိုင်းကျရောက်ခဲ့ရာ ထိခိုက် ပျက်စီးမှုတန်ဖိုးမှာ ဒေါ်လာသန်းပေါင်းများစွာရှိ ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
မိုးသီးမုန်တိုင်းကြောင့် တင်းနစ်ဘောလုံးအရွယ် မိုးသီးများ ကျရောက်ကာ မော်တော်ယာဉ်များအား ထိမှန်ခဲ့သည်။
ဆစ်ဒနီမြို့မှ တာဝန်ရှိသူများက ပြင်းထန်သော မုန်တိုင်းကျရောက်မည်ဟု သတိပေးချက်ထုတ်ပြန်ခဲ့ သော်လည်း ယင်းကြေညာချက်များမှာ ပျက်စီးဆုံးရှုံးမှု များကို မကာကွယ်နိုင်ခဲ့ပေ။
ယနေ့ နံနက် ဒေသစံတော်ချိန် ၆ နာရီ မိနစ် ၃ဝ တွင်ပင် အာမခံကြေးတောင်းဆိုသူပေါင်း ၁၅ဝဝဝ ကို မိမိ တို့ လက်ခံရရှိပြီး ထိခိုက်ပျက်စီးမှုတန်ဖိုးမှာ သြစတြေးလျ ဒေါ်လာ သန်း ၈ဝ (အမေရိကန်ဒေါ်လာ ၅၇ သန်း)ခန့်ရှိကြောင်း သြစတြေးလျ အာမခံကောင်စီက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။
သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ တည်ရှိရာ ဒေသ၏ နွေရာသီကာလတွင် နယူးဆောက်သ်ဝေးပြည်နယ် တွင် မိုးသီးမုန်တိုင်းများ အတန်အသင့်ဖြစ်ပေါ်မြဲဖြစ်သော် လည်း ယခုကဲ့သို့ ပမာဏကြီးမားသည့် မိုးသီးမုန်တိုင်း မှာ ၁၉၉၉ ခုနှစ်ကတည်းက ဖြစ်ပေါ်ခဲ့ခြင်းမရှိပေ။
၁၉၉၉ ခုနှစ်တွင် ကျရောက်ခဲ့သည့် မိုးသီးမုန်တိုင်း ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ခန့်မှန်းတန်ဖိုးမှာ သြစတြေးလျ ဒေါ်လာသန်း ၁၇ဝဝ ရှိခဲ့သည်။
အေအက်ဖ်ပီ

No comments:

Post a Comment