Tuesday, December 4, 2018

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် မိုင်းဖြတ်ပြည်သူများနှင့် တွေ့ဆုံ

Image may contain: one or more people and indoor
မိုင်းဖြတ် ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများသည် ဒီဇင်ဘာ ၂ ရက် နံနက် ၉ နာရီက မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒေသခံပြည်သူ များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကားပြောကြားပြီး မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက် က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ဒေသခံပြည်သူများအတွက် ဆက် လက်ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက ဒေသအတွက်လိုအပ်နေသော ပညာရေး၊ ကျန်းမာရေး၊ ရေပေးရေးလုပ်ငန်းနှင့် ကျေးလက်လမ်း၊ တံတားများစသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာများကို တင်ပြရာ သက်ဆိုင်ရာဝန်ကြီးများ နှင့် တာဝန်ရှိသူများက အသီးသီးပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အခမ်းအနားသို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းကျောက်၊ ဦးအားကို၊ ခရိုင်အဆင့် တာဝန်ရှိဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စည်ပင်သာယာရေး ကော်မတီဝင်များ၊ နိုင်ငံရေးပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၃၁ဝ ခန့် တက်ရောက်ကြောင်း သိရသည်။
မိုင်းဖြတ် (ပြန်/ဆက်)

No comments:

Post a Comment