Tuesday, December 4, 2018

ပုသိမ်မြို့တွင် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပ

Image may contain: 2 people, people standing
ပုသိမ် ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ''အိပ်ခ်ျအိုင်ဗွီပိုး ရှိ၊ မရှိ၊ မိမိကသွေးစစ်ကြည့်'' ဆောင်ပုဒ်နှင့်အညီ ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အခမ်းအနားကို ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက တိုင်းကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က အမျိုးသားမဟာဗျူဟာစီမံကိန်း၂ဝ၁၆-၂ဝ၂ဝ နဲ့အညီ ခုခံအားကျဆင်းမှုကူးစက်ရောဂါ ပညာပေး လုပ်ငန်း၊ အခမဲ့ကွန်ဒုံးဖြန့်ဝေပေးခြင်း လုပ်ငန်း၊ ကာလသားရောဂါ ရှိ၊ မရှိ စမ်းသပ်စစ်ဆေးပြီး ကုသပေးခြင်းလုပ်ငန်း၊မူးယစ်ဆေး အကြောထဲထိုးသွင်းသူများ ကြား အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရမှု အန္တရာယ်လျှော့ချရေး၊ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရခြင်း ရှိ၊ မရှိ သွေးစစ်ဆေးခြင်းလုပ်ငန်း၊ မိခင်မှ ကလေးသို့ ကူးစက်မှုမှ ကာကွယ်ရေးလုပ်ငန်း၊ အေအာရ်တီဆေးဖြင့်ကုသခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံး လွှမ်းခြုံမှုရရှိအောင် တိုးချဲ့ဆောင်ရွက်လျက် ရှိကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများအားလုံး လက်တွဲ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ရောဂါပိုးရှိသူများ၊ ဝေဒနာရှင်များအား လူတိုင်းလက်လှမ်းမီ ရရှိနိုင်သော အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရေး၊ ခွဲခြားနှိမ့်ချမှုကင်းစင်ရေး၊ အေအိုင်ဒီအက်စ်ရောဂါနှင့် ဆက်နွှယ်သောသေဆုံးမှုများလျှော့ချရေးစသည့် ရည်မှန်းချက်များ ပြည့်မီပြီး လာမည့် ၂ဝ၃ဝ ပြည့်နှစ်မှာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုကင်းဝေးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အထိမ်းအမှတ် ပိုစတာပြိုင်ပွဲ အထက်တန်း၊ အလယ်တန်း၊မူလတန်းအဆင့် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရှိသူများကို ဆုများပေအပ်ချီးမြှင့်ပြီး အထိမ်းအမှတ် ပြခန်းငယ်အား ကြည့်ရှုသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ INGO၊ NGOအဖွဲ့အစည်းများ၊ ဆရာ ဆရာမများနှင့် ဆုရကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်မြင့် (ပြန်/ဆက်)

No comments:

Post a Comment