Saturday, December 22, 2018

ဒေသမျိုးရင်းငှက်များနှင့် ဆောင်းခိုငှက်များကို ဖမ်းဆီးသတ်ဖြတ်မှုများပြား

Image may contain: sky, tree, outdoor, nature and water
မန္တလေး ဒီဇင်ဘာ ၂၁
မန္တလေးမြို့ရှိ နာမည်ကျော် တောင်သမန်အင်းနှင့်အခြားအင်းများတွင် ကျက်စားနေသော ဆောင်းခိုငှက်များနှင့် ဒေသမျိုးရင်းငှက်များကို ဖမ်းဆီးသတ်ဖြတ်မှုများပြားနေသည့်အတွက် ငှက်ပျော်စံရာ အင်းတစ်ခုအဖြစ်မှ ငှက်များနည်းပါးလာသည့်အင်းတစ်ခုအသွင်ဆောင်လာကြောင်း တစ်နှစ်ပတ်လုံး ငှက်ဓာတ်ပုံများကို ရိုက်ကူးသည့် ငှက်ချစ်သူတစ်ဦးထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ပလိပ်အင်း ရေတိမ်ဒေသ၊ တံတားဦးမြို့နယ် ပြူကန်ကျေးရွာရှိ ပြူကန်အင်း၊ ဘနောအင်း၊ တောင်သမန်အင်း နှင့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့အနီးရှိ ပြူကန်အင်းတွင် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ဆောင်းခိုငှက်များ ဝင်ရောက်လာပြီး ဒီဇင်ဘာ လဆန်းပိုင်းတွင် ပိုမိုများပြားလာကာ ဒေသမျိုးစိတ် ငှက်များနှင့်အတူ ကျက်စားလျက်ရှိသည်။
ဆောင်းခိုငှက်များနှင့်အတူ ဥပဒေဖြင့်ကာကွယ်ထားသော မြန်မာ့ငှက်များကို ငှက်မုဆိုးများက ဖမ်းဆီးသတ်ဖြတ်ကာ ရောင်းချမှုများပြားလာသည့်အတွက် ရှားပါးငှက်မျိုးစိတ်များ မျိုးသုဉ်းသွားမည်ကို စိုးရိမ်ရသည့်အခြေအနေတစ်ခုအထိ ရှိလာပြီဖြစ်ကြောင်း မန္တလေးမြို့မှ ငှက်ချစ်သူအဖွဲ့က ပြောပြသည်။
မြန်မာနိုင်ငံတွင် မျိုးသုဉ်းမည့်အန္တရာယ်မှ ကာကွယ်ထားသော ငှက်အုပ်စု ၅ဝ ကျော်အထိရှိသည်။ လက်ရှိကာလ မန္တလေးမြို့အနီး ဆောင်းခိုငှက်များကျက်စားသည့် အင်းများတွင် ဆောင်းခိုငှက်များနှင့် ဒေသမျိုးရင်းငှက်များကိုပါ ဖမ်းဆီးမှုများပြားနေသည့်အတွက် ရှားပါးငှက်မျိုးစိတ်များ မျိုးသုဉ်းမည့်အန္တရာယ်ကို ကာကွယ်ရေးအတွက်
အသိပညာပေးမှုများ တားဆီးမှုများကို ပြုလုပ်ရန်လိုအပ်လာပြီဖြစ်သည်။
နွေနဒီ(မြစ်ငယ်)

No comments:

Post a Comment