Saturday, December 22, 2018

ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ကျောက်ကြီးမြို့မရဲစခန်း အချုပ်ခန်းအား ကြည့်ရှုစစ်ဆေး

Image may contain: one or more people and people standing
ကျောက်ကြီး ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ငူခရိုင် ကျောက်ကြီးမြို့မရဲစခန်းရှိ အချုပ်ခန်းအား ဒီဇင်ဘာ ၂ဝ ရက် နံနက် ၉ နာရီက လာရောက်စစ်ဆေးသည်။
တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင်ရွှေသည် တာဝန်ရှိသူများနှင့်အတူ ရဲစခန်းအချုပ်ခန်းအတွင်းရှိ အချုပ်တရားခံများအား နေထိုင်၊ စားသောက်မှု၊ သန့်ရှင်းမှု၊ ကျန်းမာရေးစောင့်ရှောက်လုပ်ကိုင်ပေးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အမှုကိစ္စများ ကြန့်ကြာမှုမရှိစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment