Tuesday, December 25, 2018

ဟွန်ဘွန်ခွန်တျောင်ရှာ ဗုဒ္ဓဘာသာဘုရားကျောင်း တည်ဆောက်ရန် မင်္ဂလာအုတ်မြစ်တော်စီ အခမ်းအနားကျင်းပ





Image may contain: 10 people, people standing, wedding and indoor
ရန်ကုန် ဒီဇင်ဘာ ၂၄


 

ဟွန်ဘွန်ဗုဒ္ဓဘာသာအသင်းက ဗုဒ္ဓ သာသနာတော် ထွန်းကားပြန့်ပွားရေးကို ရည်ရွယ်၍ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ၁၆ လမ်း အမှတ် ၈၆ တွင် တည်ဆောက် မည့် ဟွန်ဘွန်ခွန်တျောင်ရှာ ဗုဒ္ဓဘာသာ ဘုရားကျောင်း အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အဆိုပါမြေနေရာ၌ ကျင်းပသည်။
ရှေးဦးစွာ အောင်ဇမ္ဗူတောရ ကျောင်းတိုက် ပဓာနနာယက ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍဝံသ၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဟွန်ဘွန်ဗုဒ္ဓဘာသာအသင်းနာယကများ ဖြစ်ကြသော ဦးဝင်းမြင့်နှင့် ဦးကြင်စိန်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးကျော် ကျော်နှင့် ဒေါ်ဟိုလွင်ရှင်း၊ ရွှေသံလွင် ကုမ္ပဏီမိခင်ကြီး ဒေါ်နီနီနှင့် တာဝန်ရှိ သူတို့က ဟွန်ဘွန်ခွန်တျောင်ရှာ ဗုဒ္ဓ ဘာသာဘုရားကျောင်း တည်ဆောက် မည့် သတ်မှတ်မြေနေရာ၌ မင်္ဂလာ အုတ်မြစ်တော်များကို တစ်ပြိုင်တည်း စီပေးကြပြီး အောင်ဘိသိက်သွန်းကြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဟွန်ဘွန်ခွန်တျောင် ရှာ ဗုဒ္ဓဘာသာဘုရားကျောင်း မင်္ဂလာ ကမ္ပည်းမော်ကွန်း ကျောက်စာကို သတ်မှတ်နေရာ၌ ထည့်သွင်းပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။
သတင်းစဉ်

No comments:

Post a Comment