Tuesday, December 25, 2018

တပ်မတော်(ရေ)၏ (၇၁)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနား ကျင်းပ





Image may contain: one or more people, sky, ocean, boat and outdoor
 နေပြည်တော် ဒီဇင်ဘာ ၂၄



၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သော တပ်မတော်(ရေ)သည် ယနေ့တွင် (၇၁)နှစ်တင်းတင်း ပြည့်မြောက်ခဲ့ ပြီဖြစ်သည်။ တပ်မတော်(ရေ)၏ ရေကြောင်းစွမ်းအားကို ဒေသတွင်း ရေပြာရေတပ် (Regional Blue Water Navy)အဆင့်ရောက်အောင် မြှင့်တင်ရေးအတွက် ယနေ့(၇၁)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ် လည်နေ့တွင် စစ်ရေယာဉ်များ တပ်တော် ဝင်ခြင်းအခမ်းအနားအား ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ် ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြု အမှာစကားပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယနေ့တပ်တော်ဝင်အခမ်းအနားတွင် စစ်ရေယာဉ်ခုနစ်စင်းအား တပ်တော်ဝင်နိုင်ခဲ့ပြီး ထူးခြားချက်အနေဖြင့် တပ်မတော် (ရေ)အတွက် မရှိမဖြစ်လိုအပ်သည့် ၆၅ မီတာ ရေပေါ်လွန်းကျင်း(ဆရာရှမ်း -၂)အား တပ်တော်ဝင်နိုင်ခဲ့ကြောင်း၊ ဝေးလံသည့် ရေတပ်စခန်းဌာနချုပ်များမှ သင်္ဘောများအား ရေပေါ်လွန်းကျင်းတွင် လွန်းတင်ပြင်ဆင်နိုင်ပြီဖြစ်သဖြင့် အချိန်ကုန်သက်သာခြင်း၊ ငွေကုန်ကြေးကျသက်သာခြင်းများနှင့် လုပ်ငန်းခွင်အဆင်ပြေချောမွေ့ခြင်းစသည့် အကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ရေတပ်သင်္ဘောကျင်း ဌာနချုပ်မှ အရာရှိ၊ စစ်သည်များအား ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောလိုပါကြောင်း၊ မိမိတို့ ရေတပ်သင်္ဘောကျင်းအနေဖြင့် ဖရီးဂိတ်စစ်ရေယာဉ်မှစ၍ ရေယာဉ်မျိုးစုံကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် တိုင်းပြည်အတွက်ငွေကြေးကုန်ကျမှုကို လျှော့ချနိုင်ခြင်းသည် တပ်မတော်(ရေ)အတွက် ဂုဏ်ယူနိုင်ခြင်းပင်ဖြစ်ကြောင်း၊ ယခုထက်အရည်အသွေးပိုမိုကောင်းမွန်သည့်၊ စွမ်းရည်ပိုမိုကောင်းမွန်သည့် စစ်ရေယာဉ် များကို ဆက်လက်တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ ရေတပ်၏ဆောင်ပုဒ် ဖြစ်သည့် ''မြန်မာ့ပင်လယ် ဒို့ကာကွယ်'' ဆိုသည့်အတိုင်း နိုင်ငံတော်၏ရေပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သကဲ့သို့ ဒေသတွင်းBlue Water Navy အဆင့် ရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့သည် တပ်မတော်(ရေ)၏တည်ဆောက်နိုင်မှုစွမ်းရည်နှင့် ပတ်သက်ပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် မှတ်ကျောက်တင်သည့်နေ့တစ်နေ့ဖြစ်သဖြင့် ဂုဏ်ယူပါကြောင်း၊ ရှေ့ဆက်ပြီး အရည်အချင်းရှိသည့် တပ်မတော်(ရေ)အဖြစ် တည်ဆောက်နိုင်ရေးအတွက် ကျရာ တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန်နှင့် လက်ဆင့်ကမ်းအမွေပေးခြင်း များကို ခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။
ဆက်လက်ပြီး ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် အမှတ်(၃)ရေတပ်ဆိပ်ခံတံတားမှ ဧရာဝတီရေတပ်စခန်းဌာနချုပ်သို့ စစ်ရေယာဉ်- ရတနာပုံဖြင့် ထွက်ခွာကြသည်။
ယင်းနောက် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်ရှိ (၇၁)နှစ်မြောက် တပ်မတော် (ရေ) အထိမ်းအမှတ်ပြခန်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ်လက်မှတ်ရေးထိုးကာ အထိမ်းအမှတ်ပြခန်းများနှင့် ရေတပ်စခန်းဌာနချုပ်အလိုက်ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။ ၄င်းနောက် တပ်မတော်(ရေ)စစ်တီးဝိုင်း တပ်ဖွဲ့၏ တီးမှုတ်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နံနက်ပိုင်းကလည်း ရေတပ်သင်္ဘောကျင်းဌာနချုပ်သို့ရောက်ရှိကြပြီး တပ်မတော်(ရေ)မှထုတ်လုပ် ထားရှိသည့် တပ်မတော်(ရေ)သုံး အသုံးအဆောင်ပစ္စည်းများအား လှည့်လည် ကြည့်ရှုကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (လေ)များနှင့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအား ပြည်တွင်း၌ပင် တပ်မတော်(ရေ)အင်ဂျင်နီယာများဖြင့် တည်ဆောက်နေမှုများ၊ ယခင်စစ်ရေယာဉ်များအား အဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြန်မာ့ပင်လယ်ပြင်လုံခြုံရေးအတွက် တပ်မတော်(ရေ)၏ စွမ်းပကား အရေးပါမှုနှင့် စွမ်းရည်မြင့်မားလာမှုအခြေအနေများ၊ တပ်မတော်(ရေ)ကို စွမ်းရည်၊ စွမ်းအားရှိသည့် ခေတ်မီတပ်မတော်(ရေ) ဖြစ်အောင် တိုးချဲ့တည်ဆောက်နိုင်ခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် ရေတပ်သင်္ဘောကျင်းအတွင်း စစ်ရေယာဉ်များတည်ဆောက် နေမှုအခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ရေတပ်သင်္ဘောကျင်းဌာနချုပ်အတွင်းရှိ ရေယာဉ်ပုံစံငယ် စမ်းသပ်ကန် Hydrodynamic Towing Tank သို့ရောက်ရှိကြရာ တာဝန်ရှိသူတစ်ဦးက ရေယာဉ်ပုံစံငယ်များ စမ်းသပ်ကန်တွင် တပ်ဆင်ထားသည့် စက်ကိရိယာများနှင့် စွမ်းဆောင်နိုင်မှုများ၊ တပ်မတော်(ရေ)တွင် တည်ဆောက်ဆဲနှင့် တည်ဆောက်မည့် ရေယာဉ်များတွက် စမ်းသပ်ဆောင်ရွက်ထားရှိမှုများ၊ စမ်းသပ်ကန်စွမ်းဆောင်ရည် တိုင်းတာစစ်ဆေးခြင်းအတွက် စမ်းသပ်ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြ သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေယာဉ် ပုံစံငယ်စမ်းသပ်ကန် Hydrodynamic Towing Tankအတွင်း ရေယာဉ် များလက်တွေ့စမ်းသပ်မှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ïံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

No comments:

Post a Comment