Monday, December 31, 2018

(၁၉)ကြိမ်မြောက် တိရ္ဆာန်ဆေးကုဆရာဝန် မှတ်ပုံတင်လက်မှတ် အပ်နှင်းခြင်းအခမ်းအနား ကျင်းပ


Image may contain: 1 person



နေပြည်တော် ဒီဇင်ဘာ ၃ဝ

(၁၉)ကြိမ်မြောက် တိရ္ဆာန်ဆေးကုဆရာဝန်မှတ်ပုံတင်လက်မှတ် အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဝန်ကြီးဌာန အနေဖြင့် နိုင်ငံ၏ အသားကဏ္ဍဖွံ့ဖြိုးရေး၊ ဘေးအန္တရာယ်ကင်းရှင်းသော စားနပ် ရိက္ခာထုတ်လုပ်ရေးနှင့် စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက် လျက်ရှိကြောင်း၊ ကျေးလက်ဒေသများသို့ ပျံ့နှံ့ရာက်ရှိနေသော တိရ္ဆာန်ဆေးကု ဆရာဝန်များသည် မွေးမြူရေးပညာ ပေးခြင်းနှင့် ကာကွယ်ကုသခြင်းများကို ဆောင်ရွက်ပေးခြင်းဖြင့် ထုတ်လုပ်မှု တိုးတက်ပြီး မိသားစုဝင်ငွေ တိုးတက်လာ စေမည့် တစ်ပိုင်တစ်နိုင်မွေးမြူရေးမှ စီးပွားဖြစ် မွေးမြူရေးအထိ တိုးချဲ့မွေးမြူ လုပ်ကိုင်နိုင်ကြမည် ဖြစ်ကြောင်း၊ တိရ္ဆာန်တွင် ဖြစ်ပွားသည့် ကူးစက် ရောဂါများ၏ ၆ဝ ရာခိုင်နှုန်းကျော် သည် လူသို့ ကူးစက်ပြန့်ပွားသည့်အတွက် တိရ္ဆာန် ကျန်းမာရေးစောင့်ရှောက်မှု နှင့် မွေးမြူရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်နေသည့် တိရ္ဆာန်ဆေးကု ဆရာဝန်များအနေဖြင့် တိရ္ဆာန်ကူးစက် ရောဂါများကို အချိန်မီထိန်းချုပ်ပေး နိုင်ခြင်းဖြင့် ပြည်သှူကျန်းမာရေးကို အထောက်အကူ ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ် ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် အခမ်းအနားသို့ တက်ရောက်လာ ကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
ယနေ့အခမ်းအနားတွင် တိရ္ဆာန် ဆေးကုဆရာဝန်လက်မှတ် လက်ခံယူကြ သော ဆရာဝန် ၂၁၈ ဦး အပါအဝင် မွေးမြူဆေးကုဆရာဝန် ၄၇၅၁ ဦးကို မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ကြောင်း သိရှိ ရသည်။

သတင်းစဉ်

No comments:

Post a Comment