Monday, December 31, 2018

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုSathira Dhammasatha ကျောင်းတိုက်သို့ ထိုင်းဘတ်ငွေ ငါးသိန်းလှူဒါန်း



ရန်ကုန်    ဒီဇင်ဘာ    ၃ဝ
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည့် နှစ်သစ်ကူးဆုတောင်းပွဲသို့  ရောက်ရှိနေသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   သူရဦးအောင်ကို သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်း ဒေသ သာသနာနုဂ္ဂဟအသင်း( ဗဟို)မှ လှူဒါန်းသည့် ထိုင်းဘတ်ငွေ ငါးသိန်းကို ယနေ့နံနက်ပိုင်းက ဗန်ကောက်မြို့ရှိSathira Dhammasatha   ကျောင်းတိုက်သို့ သွားရောက်လှူဒါန်းသည်။
ထိုင်းဘတ်ငွေငါးသိန်း လှူဒါန်း
ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တာဝန်ရှိသူများသည် ထိုင်းနိုင်ငံ  ဗန်ကောက်မြို့ရှိSathira Dhammasatha  ကျောင်းတိုက်သို့  သွားရောက်၍   ဗုဒ္ဓဘုရားဆင်းတုတော်ကို အနေကဇာတင်ပူဇော်ကြပြီး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက   ဆရာကြီး Ven. Mae Chee Sananee  Sthirasuta   အား  နဝကမ္မအလှူငွေအဖြစ်  ထိုင်းဘတ်ငွေငါးသိန်းကို ဆက်ကပ်လှူဒါန်းသည်။
ညနေပိုင်းတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ဦးဆောင်သော သံဃာတော်များ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်    တာဝန်ရှိသူများ၊   မြန်မာ နိုင်ငံလုံးဆိုင်ရာ  ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့်     နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းတို့မှ ထိုင်းနိုင်ငံရှိ သံဃာရာဇာ သာသနာပိုင်ချုပ် ဆရာတော် သီတင်းသုံးရာ ဝပ်ရာဇာဗိုဖစ်  ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဗုဒ္ဓရုပ်ပွား တော်အား ဆီမီးနှင့် အမွှေးနံ့သာများ ထွန်းညှိပူဇော်ကြသည်။
ထို့နောက် ဝိဟာရခန်းမ၌      နှစ်နိုင်ငံဗုဒ္ဓသာသနာ    ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး   သူရဦးအောင်ကိုက     သံဃာတော်အရှင်သူမြတ်များကို လျှောက်ထားခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ခြင်း၊ သာသနာပိုင်ချုပ် ဆရာ တော်က ဧည့်သည်သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို   အမှတ်တရလက်ဆောင် များ ပေးအပ်ခြင်းနှင့် စုပေါင်းဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ကြသည်။   
သတင်းစဉ်

No comments:

Post a Comment