Sunday, December 2, 2018

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာ ထပ်ဆင့်ပွား ငြိမ်းချမ်းရေးဆိုင်းဘုတ်တင်အခမ်းအနားသို့ တက်ရောက်

Image may contain: 8 people, people smiling, people standing, outdoor and nature

နေပြည်တော် ဒီဇင်ဘာ ၁
''ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာ ထပ်ဆင့်ပွား တို့လိုချင်တဲ့ ငြိမ်းချမ်းရေးနှုတ်က ဖွင့်ဟပြောကြားပေး'' မြန်မာပြည်ငြိမ်းချမ်းပါစေ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်အနီး ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး ကရင် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးနှင့် ငြိမ်းချမ်းရေးတွဲလက်များ မိတ်သဟာအဖွဲ့ခေါင်းဆောင် ဦးသိန်းလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အချိန်တွင် နိုင်ငံတော်အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာနကို ဖွင့်လှစ်၍ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် မဟာဗျူဟာများ တိကျစွာဖော်ထုတ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုလက်မှတ်ရေးထိုး၍ ကျယ်ပြန့် စွာ ပူးပေါင်းပါဝင်လာမှုကြောင့် အောင်မြင်မှုရရှိနေသော် လည်း လက်မှတ်ရေးထိုးရန် ကျန်ရှိသည့်အဖွဲ့များ ပါဝင် လာရေး လိုအပ်နေဆဲအခြေအနေတွင် ရှိပါကြောင်း၊ သို့ပါ၍NCA တွင် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသော အဖွဲ့များကလည်း ကျင်းပနေသည့် NCA လက်မှတ် ရေးထိုးပွဲ ငြိမ်းချမ်းရေးစကားဝိုင်းများသို့ လာရောက် ပူးပေါင်းကြရေး တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း နှင့် ငြိမ်းချမ်းရေးတွဲလက်များမိတ်သဟာအဖွဲ့ ခေါင်းဆောင် ဦးသိန်းလွင်၊ စာရေးဆရာဇေယျမင်းရှိန်တို့က ငြိမ်းချမ်းရေး နှုတ်ခွန်းဆက်စကားအသီးသီး ပြောကြားခဲ့ကြပြီး တက်ရောက် လာကြသူများက အမုန်းစကားများရပ်၊ စစ်ပွဲများရပ်၊ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေဟူသည့် ကြွေးကြော်သံများ ကြွေးကြော်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ ပြည်မြို့ဆိပ်ကမ်းတွင် ရပ်နား ထားသည့် ငြိမ်းချမ်းရေးမိတ်သဟာအဖွဲ့ တင်ဆောင် လာသော ပြည်ကြီးတံခွန်(၄) သင်္ဘောပေါ်တွင် ငြိမ်းချမ်းရေး စကားဝိုင်းကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်သည့် အဖွဲ့အစည်းအားလုံး၏ တူညီသောသဘော ထားအမြင်ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးအတွက် နိုင်ငံရေးဆွေးနွေးမှုများတွင် အားလုံးပါဝင် သောမူဘောင်ကို စတင်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ အဆိုပါ နိုင်ငံရေးဆွေးနွေးမှုများကို ဆက်လက်တိုးချဲ့ဆောင်ရွက် နိုင်ခြင်းဖြင့် မဝေးသောကာလတွင် ပြည်ထောင်စုငြိမ်းချမ်း ရေးရရှိလာမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးနှင့် ငြိမ်းချမ်းရေးတွဲလက်များ မိတ်သဟာအဖွဲ့ခေါင်းဆောင် ဦးသိန်းလွင်၊ စာရေးဆရာဇေယျမင်းရှိန်တို့က ငြိမ်းချမ်းရေး အမှာစကားပြောကြားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်တက္ကသိုလ်မှဆရာ ဆရာမများက ဒေသခံပြည်သူများနှင့်အတူ ငြိမ်းချမ်းရေး စကားဝိုင်း ပြုလုပ်ခဲ့ကြသည်။
ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာ ထပ်ဆင့်ပွား လျက် ငြိမ်းချမ်းရေးအောင်မြင်ဖို့ တွဲလက်များဖြင့် ကြိုးပမ်း စို့ အစီအစဉ်သည် ပြည်ကြီးတံခွန်(၄) သင်္ဘောဖြင့် မြန်မာ နိုင်ငံအထက်ပိုင်း မန္တလေးတိုင်းဒေသကြီးမှ အလယ်ပိုင်း မကွေးတိုင်းဒေသကြီးအပါအဝင် ပဲခူးတိုင်းဒေသကြီးမှ တစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအထိ ငြိမ်းချမ်းရေး သင်္ဘောဖြင့် ပြည်သူလူထုပူးပေါင်းပါဝင်သောငြိမ်းချမ်း ရေးဖြစ်စဉ် လှုပ်ရှားမှုများပေါ်ပေါက်ရေးကို ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment