Saturday, December 22, 2018

ဆီးရီးယားမှ အမေရိကန်တပ်များရုပ်သိမ်းရန် ဆုံးဖြတ်မှု တူရကီကြိုဆို

Image may contain: 1 person
အန်ကာရာ ဒီဇင်ဘာ ၂၁
ဆီးရီးယားနိုင်ငံတွင်းမှ တပ်ဖွဲ့များအား ရုပ်သိမ်းမည့် အမေရိကန်၏ ဆုံးဖြတ်ချက်ကို တူရကီနိုင်ငံက ကြိုဆို ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လောက် ကာဗာဆိုလုက ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြား သည်။
ယင်းဆုံးဖြတ်ချက်ကို မိမိတို့ ကျေနပ်ကြောင်း၊ ယင်းမှာ ဆီးရီးယားနိုင်ငံ၏အကျပ်အတည်းကို နိုင်ငံရေး အရ ဖြေရှင်းရေးအတွက် အရေးပါသည့် ခြေလှမ်းဖြစ် ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက မော်လ်တာ နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း၌ ပြောကြား သည်ဟု အန်တီဗီရုပ်မြင်သံကြားသတင်းတွင် ဖော်ပြသည်။
အစ္စလာမ္မစ်နိုင်ငံထူထောင်ရေးအဖွဲ့ (အိုင်အက်စ်) တို့အပေါ် အနိုင်ရခဲ့သည်ကို မိမိတို့ ယုံကြည်ကြောင်း၊ သို့သော် မိမိတို့အနေဖြင့် သတိဝီရိယအလွန်ထားရှိဆဲ ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အိုင်အက်စ်တို့နှင့် အခြားသော အစွန်းရောက်အုပ်စုများသည် မြေပြင်တွင် ရှိနေဆဲဖြစ်ခြင်းကြောင့်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။
ဆီးရီးယားနိုင်ငံတွင်းရှိ အမေရိကန်တပ်ဖွဲ့များအား ရက်ပေါင်း ၆ဝ မှ ၁ဝဝ အတွင်း ရုပ်သိမ်းမည်ဟု အမေရိကန်ပြည်ထောင်စုက ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဆင်ဟွာ

No comments:

Post a Comment