Saturday, December 29, 2018

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အမှူးပြုသော ဆရာတော်ကြီးများနှင့် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် အဖွဲ့ ထိုင်းနိုင်ငံသို့ သာသနာပြုခရီးထွက်ခွာ


Image may contain: 5 people, people standing

ရန်ကုန် ‘ဒီဇင်ဘာ ၂၈
ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိ ကျင်းပမည့် နှစ်သစ်ကူး အကြိုည တရားဒေသနာတော်များ ရွက်ဖတ်ဆုတောင်းပွဲနှင့် ဝိပဿနာရှုမှတ်ခြင်းအခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်ကြီး ၁၅ ပါးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ထွက်ခွာသွားသည်။
အဆိုပါ အဖွဲ့အား သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်တို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

သတင်းစဉ်

No comments:

Post a Comment