Saturday, December 29, 2018

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဝန်ထမ်းများနှင့် တွေ့ဆုံ

Image may contain: 3 people, table, wedding and indoor

နေပြည်တော် ‘ဒီဇင်ဘာ   ၂၈
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကုန်းလမ်းပို့ဆောင်ရေးမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဝန်ထမ်းများအနေဖြင့် ဌာနတိုးတက်ရေးအတွက်      ကြိုးစား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စီးပွား ရေးသဘောအရ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လုပ်ငန်းအဖြစ် လုပ်ထုံးလုပ်နည်းများနှင့် အညီ   ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ကြောင်း  ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်းပေး
ထို့နောက် ကုန်းလမ်းပို့ဆောင်ရေး ဦးဆောင်òန်ကြားရေးမှူး     (ပူးတွဲ) ဦးမင်းချစ်ဦးနှင့်    အထွေထွေမန်နေဂျာ ဦးတင်မောင်ထွန်းတို့က    ဌာနအသွင် ကူးပြောင်းရေးအတွက်  ဆောင်ရွက်မည့် နည်းလမ်းများနှင့်     အကြံပြုချက်များကို တင်ပြကြရာ       ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးသည်။   
သတင်းစဉ်

No comments:

Post a Comment