Sunday, December 23, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး သက်မွေးပညာသင်တန်းဆင်းလက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်





Image may contain: 3 people, people smiling, people standing
 မြစ်ကြီးနား ဒီဇင်ဘာ ၂၂



ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့်Myanmar Kindness Group တို့ ပူးပေါင်း၍ ရွှေ့ပြောင်းစခန်းများရှိ လူငယ်လူရွယ်များ အတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ကာလတို သက်မွေးပညာ သင်တန်းဆင်း လက်မှတ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၃ နာရီတွင် မြစ်ကြီးနားမြို့ မိုင်းနား (KBC) ရွှေ့ပြောင်းစခန်း၌ ကျင်းပ သည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဆိုပါ သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲတွင် မိုင်းနားစခန်းအတွင်းရှိ ကျောင်းပြင်ပရောက် လူငယ်များအတွက် ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်းများဖြစ်သည့်House Keeping & Restaurant Service အခြေခံ သင်တန်းနှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း သင်တန်း များကို MHTi- Myanmar Hospitality &Tourism Institute နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (မြစ်ကြီးနား)တို့ ပူးပေါင်း၍ နိုဝင်ဘာ ၆ ရက်က ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခဲ့ပါကြောင်း၊ အဆိုပါသင်တန်းများသို့ မိုင်းနား(KBC)စခန်း၊ ဝိုင်းမော်မြို့၊ ပူတာအိုမြို့၊ မိုးကောင်း မြို့၊ တနိုင်းမြို့၊ နမ္မတီးမြို့၊ မြစ်ကြီးနားမြို့နှင့် စီတာပူရပ်ကွက် အနီးအနားရှိ ကျေးရွာများမှ သင်တန်းသားများ တက်ရောက် ခဲ့ပြီးHouse Keeping & Restaurant Service အခြေခံ သင်တန်းတွင် တက်ရောက်ပြီးစီးသူ ၅၅ ဦးနှင့် အိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းသင်တန်းတွင် တက်ရောက်ပြီးစီးသူ ၁၉ ဦးတို့အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီး ဌာနအနေဖြင့် စခန်းနှစ်ခုလုံးရှိ လူငယ်များနှင့်တွေ့ဆုံ ဆွေးနွေးချက်အရ လူငယ်များတက်ရောက်လိုသည့် စက်ချုပ် သင်တန်း၊ ကွန်ပျူတာသင်တန်း၊ ကားမောင်းသင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်း၊ ကားပြင်သင်တန်း၊ မိုဘိုင်းဖုန်းပြုပြင် ခြင်းသင်တန်း၊ အလှပြင်သင်တန်း၊ အင်္ဂလိပ်စကားပြော သင်တန်း၊ မုန့်ဖုတ်သင်တန်း၊ လျှပ်စစ်သွယ်တန်းခြင်းသင်တန်းများကို ထပ်မံဖွင့်လှစ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရ အဖွဲ့နှင့်ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် မိုင်းနား(KBC)နှင့်မိုင်းနား (RC) ရှိ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီးနောက် တက္ကသိုလ်ဆက်လက် တက် ရောက်ရန် အခက်အခဲရှိသည့် လူငယ်များကို ရန်ကုန်ရှိ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ သက်မွေးသင်တန်း ကျောင်းများအနက် အလုပ်အကိုင်အခွင့်အလမ်းများသည့် သင်တန်းကျောင်းသုံးခုဖြစ်သည့် ရတနာဂဟေဆက်သင်တန်း၊ စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း(SITE) နှင့် စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း(SMVTI) တို့သို့ တက်ရောက်စေလိုပါကြောင်း၊ ထိုသို့ တက်ရောက်နိုင်ရေးအတွက် ပညာသင်ဆုများပေးအပ်ပြီး ပံ့ပိုးပေးသည့်Myanmar Kindness Group နှင့် အလှူရှင် များကိုလည်း များစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က အမှာစကားပြောကြားပြီး Myanmar Kindness မှFounderဒေါ်ခင်မာလာက ပူးပေါင်းပံ့ပိုး ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် တာဝန် ရှိသူများက သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များပေးအပ်ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် မိုင်းနားစခန်းမှ ပညာရေးတာဝန်ခံက ကျေးဇူးတင်စကားပြောကြားသည်။ သတင်းစဉ်

No comments:

Post a Comment