Sunday, December 23, 2018

အရာထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂ဝ၁၈-၂ဝ၁၉) သင်တန်းဖွင့်ပွဲ ကျင်းပ





 နေပြည်တော် ဒီဇင်ဘာ ၂၂



စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာန အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂ဝ၁၈-၂ဝ၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ယခု ဖွင့်လှစ်သည့်သင်တန်းသည် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များရှိ စီမံကိန်းဦးစီး ရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် လက်ထောက် ညွှန်ကြားရေးမှူးနှင့်အထက် အရာထမ်းများကို လုပ်ငန်း စွမ်း ဆောင်ရည်မြှင့်တင်ပေးရန် ရည်ရွယ်၍ ကျင်းပသည့်သင်တန်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ ဘာသာရပ်များကို လာရောက်သင်ကြားရ ခြင်းမှာ အရာထမ်းများအတွက် များစွာကောင်းမွန်သည့်အခွင့် အရေးဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အာရှဖောင်ဒေးရှင်းမှ ဒုတိယဌာနေကိုယ်စား လှယ်Ms. Diana Fernandezက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း ကို ဆက်လက်ကျင်းပရာ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများက စီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စိစစ် သုံးသပ်ခြင်း၊ မြို့နယ်မှူးများ၏ တာဝန်ဝတ္တရားများ၊ ထားရှိ ရမည့်စာရင်းများ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို ဆွေးနွေးပို့ချကြသည်။
ယခုသင်တန်းတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ ပြည်သူများပူးပေါင်း ပါဝင်သည့် စီမံကိန်းရေးဆွဲခြင်း၊ စီမံကိန်းရွေးချယ်ခြင်း၊ စီမံကိန်း စိစစ်ခြင်း၊ စောင့်ကြည့်ကြပ်မတ်ခြင်းနှင့်အကဲဖြတ်ခြင်း၊ 2008 SNA t& Supply & Use Table အပေါ်အခြေခံ၍ ကဏ္ဍအလိုက် ပြောင်းလဲတွက်ချက်မှု၊ Multidimensional Welfare Analysis စသည့် ဘာသာရပ်များကို ဒီဇင်ဘာ ၂၈ ရက်အထိ ရှစ်ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွား မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၉ဝ တက်ရောက်ကြ သည်။
အဆိုပါလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကို ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ 2008 SNAသို့ ကူးပြောင်းရာတွင် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအရည် အချင်းများ ပိုမိုပြည့်ဝမှုရှိစေရေး၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာ၌ တွေ့ကြုံရသည့် အခက်အခဲများအား အယူအဆနှင့် လက်တွေ့ ပူးပေါင်းအဖြေရှာနိုင်ရေး၊ ကဏ္ဍဆိုင်ရာ အတွေ့အကြုံနှင့် ဒေသဆိုင်ရာအတွေ့အကြုံများ ဖလှယ်နိုင်ရေး တို့ကိုရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်

No comments:

Post a Comment