Sunday, December 23, 2018

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ချင်းပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး





Image may contain: 12 people, people smiling, people standing
 နေပြည်တော် ဒီဇင်ဘာ ၂၂



နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တို့သည် ဒီဇင်ဘာ ၁၉ ရက်နှင့် ၂ဝ ရက်တို့တွင် ချင်းပြည်နယ်အတွင်းရှိ တီးတိန်နှင့် ရိခေါဒါရ်မြို့နယ်တို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များနှင့် လှူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။
ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် အိန္ဒိယနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးစီမံကိန်းဖြစ်သည့် တီးတိန် မြို့နယ် မဏိပူရ်မြစ်ကူးတံတား (ဖိရ်တွန့်)သို့ရောက်ရှိရာ တာဝန်ရှိသူများက တံတားတည်ဆောက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က တံတား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေး သည်။
ထို့နောက် မဏိပူရ်မြစ်ကူးတံတား (တွီးထန်) ကြံ့ခိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေး၍ တံတားခံနိုင်ဝန်ထက် ပိုသောယာဉ်များ မဖြတ်သန်းရေးအတွက် ဒေသခံပြည်သူများနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့တို့မှ ပူးပေါင်းကြပ်မတ် ဆောင်ရွက်နိုင်ရေးကို ညှိနှိုင်းပေါင်းစပ် ပေးသည်။
ဒီဇင်ဘာ ၂ဝ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်တို့သည် တီးတိန်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းအတွက် ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် တည်ဆောက်မည့် နှစ်ထပ် ကျောင်းဆောင်နှင့် အုပ်ချုပ်မှုရုံးတည် ဆောက်မည့် လုပ်ငန်းခွင်သို့ရောက်ရှိကြ ပြီး ကျောင်းဆောင်သစ်ကို ပန္နက်တင် ပေးကြသည်။
ထို့နောက် သင်တန်းသူများအား လေ့ကျင့်သင်ကြားပေးနေသော အခြေခံ နှင့် အဆင့်မြင့်စက်ချုပ်သင်တန်းဆောင်၊ အိပ်ဆောင်နှင့် စားရိပ်သာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံ၍ တိုင်းရင်းသားလူငယ်များ အနေဖြင့် ပညာသင်ကြားရာတွင် ခံယူ ရမည့် သဘောထားများ၊ အခြေခံပညာ အထက်တန်းအောင်ချက် ကောင်းမွန် ရေးကြိုးပမ်းကြရန်နှင့် ဒေသအကျိုး၊ နိုင်ငံ့ အကျိုးကို ဆတက်ထမ်းပိုးထမ်းဆောင် နိုင်သူများဖြစ်အောင် လေ့ကျင့်သင်ကြား ကြရန်၊ ကိုယ်ပိုင်အားလပ်ချိန်များတွင် စာအုပ်၊ စာပေများဖတ်ရှုလေ့လာခြင်း အလေ့အကျင့်ကောင်းများ ရရှိရေး အတွက် စေတနာထား လေ့ကျင့်သင်ကြား ပေးကြရန်မှာကြား၍ ကျောင်း၏လိုအပ် ချက်များကို ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ပေးသည်။
ထို့နောက် ဒေသဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံး၌ ဦးစီးဌာန၏ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်း များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် စေတနာ ထားပြီး အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဖလမ်းခရိုင် ရိခေါဒါရ်မြို့ရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲတွင် အိန္ဒိယနိုင်ငံ၏ အထောက် အပံ့ ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီး ခဲ့သည့် နှစ်ထပ်ကျောင်းဆောင်ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရိခေါဒါရ်မြို့ ရေရရှိရေး အတွက် သီးကျီရ်ရေထွက်မှ (၂ဝ/ဝ)မိုင်နှင့် (၁၅/ဝ)မိုင်အကွာ ရေပေးဝေ ရန် လျာထားသည့်နေရာသို့ ရောက်ရှိ ပြီး ရေရရှိနိုင်ရေးအတွက် ကွင်းဆင်း လေ့လာထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က ညှိနှိုင်းပေါင်းစပ်ပေး သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရန် အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးအခြေခံ အဆောက်အအုံများ တည်ဆောက် ပေးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဟူသည့် အဓိကတာဝန် နှစ်ရပ် ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာတွင် နိုင်ငံတော်ရန်ပုံငွေဖြင့် သာမက နှစ်နိုင်ငံ ပူးပေါင်းရွက်မှုအပါ အဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အရှည် ပေ ၃၁ဝ၊ အကျယ် ၁၂ ပေရှိ မဏိပူရ် မြစ်ကူးတံတား(ဖိရ်တွန့်)ကို အိန္ဒိယ နိုင်ငံ၏ ထောက်ပံ့ရန်ပုံငွေ$ကျပ် ၆၃၈ ဒသမ ဝ၅၄ သန်းနှင့် အရှည်ပေ ၄ဝဝ၊ အကျယ် ၁၄ ပေရှိ မဏိပူရ်မြစ်ကူးတံတား (တွီးထန်)ကို ခွင့်ပြုရန်ပုံငွေ$ကျပ်သန်း ၆၆ဝ ဖြင့် တည်ဆောက်ထားသည်။
အဆိုပါတံတားများကို ဒေသန္တရ လမ်း၊ တံတားကော်မတီ၏ စံချိန်စံညွှန်း သတ်မှတ်ချက်နှင့်အညီ ကျေးလက် တံတားခံနိုင်ဝန် ၁၃ တန်ဖြင့် တည် ဆောက်ထားခြင်းဖြစ်ကြောင်း သိရှိရ သည်။ သတင်းစဉ်

No comments:

Post a Comment