Saturday, December 29, 2018

(၇၁) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကျင်းပ


ရန်ကုန် ဒီဇင်ဘာ ၂၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကျင်းပသည့် (၇၁) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာက္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကဆရာတော်ကြီးများ၊ တိပိဋ က ဓရတိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက်စာမ ဆရာတော်များ၊ စာပြန် သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်း၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံ လင်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
ပရိတ်တရားတော်ကို နာယူ
ရှေးဦးစွာ တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ ဥက္ကဋ္ဌ လှိုင်သာယာမြို့နယ် သာသနာ့ ဂုဏ်ရည်ကျောင်းတိုက်ဆရာတော် အဘိ ဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တပညိဿရာဘိဝံသ ထံမှ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ပရိသတ် တို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက ချီးမြှင့် တော်မူသော ပရိတ်တရားတော်ကို နာယူ ကြသည်။
အမြင့်မားဆုံးစာမေးပွဲဖြစ်
ထို့နောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မ္တလေးမြို့ ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက သာရဏီယသြဝါဒကထာြ>ွမက်ကြားရာ တွင် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးသည် ၁၃၁ဝ ပြည့် နှစ်မှစ၍ ကျင်းပခဲ့သော စာမေးပွဲကြီးဖြစ် သည့်အပြင် မြန်မာပြည်တွင် ကျင်းပ လျက်ရှိသော စာမေးပွဲများအနက် ရက် အရှည်ကြာဆုံး၊ အခက်အခဲဆုံးသော စာမေးပွဲကြီးဖြစ်သကဲ့သို့ မြန်မာမှာ သာမက က္ဘာကပင် အံ့သြရလောက် အောင် အမြင့်မားဆုံးစာမေးပွဲဖြစ်သည် ကို အရှင်မြတ်တို့ သိရှိကြပြီးဖြစ်ပါ ကြောင်း၊ အရှင်မြတ်တို့သည် မြတ်စွာ ဘုရား၏ ပရိယတ္တိသာသနာတော်ကို ဓမ္မာနုဂ္ဂဟဓမ္မပူဇာဖြင့် သဒ္ဓါဗလဝ ပူဇော် ချီးမြှောက်ကြ၍ အခက်အခဲအနက်နည်း ဆုံးသော စာမေးပွဲကြီးကို ဝင်ရောက် ပြန်ဆို ဖြေဆိုခွင့်ရတော်မူကြသော ကြောင့် ပုညဝ္တခေါ် ဘုန်းကံပါရမီထူး ပုဂ္ဂိုလ်တို့ဖြစ်ကြောင်း ကောင်းစွာထင်ရှား လှပါကြောင်း။
ပီတိသောမနဿဖြစ်ရ
အရှင်မြတ်တို့သည် မြတ်စွာဘုရား ရှင်၏ ပရိယတ္တိသာသနာတော်ကို နေဝါ လဝန်းထွန်းလင်းသည့် အရောင်တောက် ပြောင်သည်ထက် တောက်ပြောင်အောင် ဆောင်ရွက်ရေးအတွက် ထူးကဲသော ဆန္ဒ၊ ပြင်းပြသော ဝီရိယ၊ ထက်သန်သော စိတ္တ၊ တောက်ပသော ပညာလေးဖြာ သော အဓိပတိတို့ အပြည့်အဝကိုယ်စီ ကိုယ်ငထားရှိကြကုန်လျက် ဤတိပိဋက ဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးသို့ ဝင်ရောက်ပြန်ဆိုရေးဖြေ ကြသည်ကို ဖူးမြင်ကြုံတွေ့ရသဖြင့် အနာဂတ် သာသနာရေးအတွက် အားတက်ဝမ်းသာ ပီတိသောမနဿ အဖြာဖြာဖြစ်ရပါကြောင်း။
သြဝါဒကထာကို မြွက်ကြား
စာပြန် စာဖြေအရှင်မြတ်တို့သည် နိုင်ငံတော်တစ်ဝန်းလုံးရှိ သံဃာတော်များ အနက်မှ ထူးကဲစွာ နိကာယ်ငါးရပ် ပိဋ ကတ်ပါဠိတော်တို့ကို သင့်၊ အံ၊ ကြံ၊ ကြည့် လျက်ကြိုးစားအားထုတ်မှုဖြင့် ပရိယတ္တိ သာသနာတော်အကျိုးကို ဆောင်ရွက်ခွင့် ရကြသည့် ဘုန်းကံပါရမီထူးသော အရှင် မြတ်တို့ဖြစ်ကြသည်မှာ ငြင်းဖွယ်ရာ မရှိဖြစ်ပါကြောင်း။ ပညာရည်မွန် ကံထူး ချွန်သော ပုဂ္ဂိုလ်များပီပီ ပိဋကတ်တော် များကို ကျက်၊ အံ၊ ကြံ၊ ကြည့်ပရိယတ္တိ အလုပ်ကို အားထုတ်ရာ၌လည်း စာသင် နည်းသုံးနည်းရှိသည့်အနက် မိမိတို့ရယူ နိုင်သော အလဂဒ္ဒူပမ စာသင်နည်း၊ နိဿရဏတ္ထစာသင်နည်းနှစ်မျိုးတို့တွင် မြတ်စွာဘုရားရှင် ချီးမွမ်းတော်မူအပ်သော သီလအကြောင်း ဟောတော်မူသည့် ပိဋကတ်ကို သင်အံလေ့လာရပါလျှင် ထိုပိဋကတ်တော်လာ သီလတရားတော် များသည် ငါ၏သ္တာန်၌ဖြစ်စေရမည်၊ သမာဓိအကြောင်း ဟောကြားတော်မူ သည့် ပိဋကတ်များကို သင်အံလေ့လာ ရပါလျှင် ထိုပိဋကတ်တော်လာ သမာဓိ တရားများသည် ငါ၏ သ္တာန်မှာဖြစ်စေရ မည်၊ ပညာအကြောင်း ဟောတော်မူသည့် ပိဋကတ်ကို သင်အံလေ့လာရပါလျှင် ထိုပိဋကတ်တော် ပညာတရားများသည် ငါ၏သ္တာန်မှာ ဖြစ်စေရမည်ဟူသော နှလုံးသွင်းဖြင့် သံသရာဝဋ်မှ ထွက်မြောက် ရာ ထွက်မြောက်ကြောင်း နိဿရဏတ္ထ စာသင်နည်းမျိုးဖြင့် သင်ကြားလေ့လာ ဆည်းပူးတော်မူကြကာ သာသနာ့အကျိုး ကို သယ်ပိုးဆောင်ရွက်နိုင်သည့်သာသနာ တော်ဦးဆောင်ရှေ့သွား ပုဗ္ဗင်္ဂမပုဂ္ဂိုလ်များ ဧကန်စင်စစ် ဖြစ်တော်မူကြစေသတည်း ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးအရှည်ခံ့ ၍ တည်တံ့နိုင်ပါစေသတည်းဟု နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့၏ သာရ ဏီယသြဝါဒကထာကိုြ>ွမက်ကြားသည်။
လက်ဆင့်ကမ်းသယ်ဆောင်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာ များကိုလျှောက်ထားရာတွင် ဗုဒ္ဓဘုရားရှင် ၄၅ ဝါကာလပတ်လုံး ဟောကြားထား ရှိတော်မူခဲ့သော တရားတော်များသည် ဘုရားရှင်မဟာပရိနိဗ္ဗာန် ဝင်စြံ<ွကသွား တော်မူပြီးနောက်တွင် ဘုရားရှင်၏ ကိုယ်စားတော်အဖြစ်ြ<ွကင်းကျန်တည်ရှိ ခဲ့ပြီး ထိုတရားတော်တို့သည်ပင် ပရိယတ္တိ သာသနာတော်အဖြစ် အရင်းမူလတည်ရှိ နေပါကြောင်း။ မြတ်စွာဘုရားရှင် ထားရှိ တော်မူခဲ့သည့် ပရိယတ္တိသာသနာတော် ကြီးကို ပထမသင်္ဂါယနာတင် ရဟ္တာ အရှင်မြတ်ကြီးများမှစ၍ နှုတ်ငုံဆောင် တော်မူခဲ့ကြပြီး အစဉ်အဆက်သင်ကြား ပို့ချတော်မူကြလျက် လက်ဆင့်ကမ်း သယ်ဆောင်တော်မူခဲ့ကြပါကြောင်။
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးသည် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူ ပေါ်ထွန်းခဲ့၍ လွတ်လပ်ရေး၏ ဖွားဖက် တော်သဖွယ်မှတ်ယူနိုင်ခဲ့သော စာမေးပွဲ ကြီးဖြစ်ပြီး ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီး၏ ရှေ့ပြေးနိမိတ် အရုဏ်ဦးအလင်းရောင်ဖြစ် ခဲ့ပါကြောင်း။ တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို နိုင်ငံတော်ဗုဒ္ဓသာသနာ အဖွဲ့ကြီးက ကြီးမှူး၍ အတည်တကျ ဆက်လက် ကျင်းပနိုင်ရေးအတွက် ၁၉၆ဝ ပြည့်နှစ် တွင် မြန်မာနိုင်ငံအစိုးရက တိပိဋကဓရ ရွေးချယ်ရေးအက်ဥပဒေ (ဥပဒေအမှတ်- ၂၈) ကို ထုတ်ပြန်ပေးခဲ့ပါကြောင်း။ ၁၉၆၅ ခုနှစ်တွင် အခြားအခြားသော ဥပဒေတချို့ ဖျက်သိမ်းရာတွင် ပါဝင်ခဲ့သော်လည်း တိပိဋကဓရ ရွေးချယ်ရေး အက်ဥပဒေမှာ မူ ပါဝင်ခြင်းမရှိဘဲ ထိုအက်ဥပဒေကို ပြဋ္ဌာန်းချက်ယူလျက် ယခင်သာသနာရေး ဝန်ကြီးဌာနက ကြီးမှူး၍ တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲကြီး ဆက်လက် ကျင်းပနိုင်ခဲ့ပါကြောင်း။
ဆက်ကပ်လှူဒါန်းလျက်ရှိ
နိုင်ငံတော်အစိုးရအနေဖြင့် တိပိ ဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးကို ဝင်ရောက်ပြန်ဆိုဖြေဆို အောင်မြင်၍ ပေါ်ပေါက်လာသည့် သာသနာ့အာဇာနည်အရှင်မြတ်တို့အား သာသနာတော်ကြီး အရှည်တည်တံ့ ပြန့်ပွားရန်ရည်သန်လျက် ဆွမ်းဆန်တော် များ၊ ကုန်း၊ ရေ၊ လေ အခမဲ့ ခရီးသွား လက်မှတ်များကို ရာသက်ပန်ဆက်ကပ် လှူဒါန်းလျက် ရှိပါကြောင်း။ တိပိဋကဓရ တိပိဋကကောဝိဒ အောင်မြင်ပြီး၍ ငါးနှစ် ပြည့်သောအခါ ''တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက''ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူ ဒါန်းသည့်အပြင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကိုလည်း ဆက်ကပ် လှူဒါန်းလျက်ရှိပါကြောင်း။
(၇၁)ကြိမ်မြောက် တိပိဋကဓရ တိပိ ဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီး၌ ဝင်ရောက်ပြန်ဆို ဖြေဆိုတော်မူကြသော သာသနာ့အာဇာနည် အရှင်မြတ်များ သည် ကိုယ်စိတ်နှစ်ပါးအေးချမ်းစွာဖြင့် ဝင်ရောက်ပြန်ဆို ဖြေဆိုအောင်မြင်တော် မူကြပြီး ၂ဝ၁၉ ခုနှစ် မေလတွင် ကျင်းပ မည့် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲ အခမ်းအနားကြီးသို့ တက်ရောက်၍ အောင်လက်မှတ်ဘွဲ့ တံဆိပ်တော်များကို ခံယူနိုင်သည့် သာသနာ့အာဇာနည်များ ဖြစ်ကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါ ကြောင်း လျှောက်ထားသည်။
ယင်းနောက် အလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းစုစုပေါင်း ကျပ် ၃၃၉ သိန်းကျော်ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေး အပ်ကြသည်။
ရေစက်သွန်းချအမျှပေးဝေ
ထို့နောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင် တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ပရိသတ်တို့က အနုမောဒနာတရား နာကြားကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။
( ၇၁ ) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ကို မွန်းလွဲ ၁ နာရီတွင် ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး အတွင်း၌ ကျင်းပရာ တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက်စာမ ဆရာတော်များကြီးကြပ်၍ စာဖြေသံဃာ တော်များ ပိဋကတ်သုံးပုံအာဂုံပြန်ဆိုနေ သည်ကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများက လှည့်လည်ကြည်ညိုကြပြီး ပြည်ထောင်စုဝန်ကြီးက ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။
ဗုဒ္ဓသာသနာဝင် သမိုင်းတစ် လျှောက် သင်္ဂါယနာ ၆ တန်တင်ခဲ့ရာ မြန်မာဗုဒ္ဓဘာသာဝင်တို့သည် ပဉမသင်္ဂါယနာနှင့် ဆဋ္ဌသင်္ဂါယနာ နှစ်ကြိမ်တိုင် ဆင်နွှဲခွင့်ရခဲ့ကြသည်။ ဆဋ္ဌသင်္ဂါယနာတင် သည့်အခါ ပိဋကတ်သုံးပုံအာဂုံဆောင် သာသနာ့အာဇာနည် အရှင်မြတ်များ ရရှိ ရေးအတွက်ရည်ရွယ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှာ ပင်တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ် ရေးစာမေးပွဲကြီးကို ပထမအကြိမ် စတင် ကျင်းပခဲ့ခြင်းဖြစ်၍ ဤတိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ကြီး ကျင်းပသည့် သက်တမ်းနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေးသက်တမ်း တို့သည် အကြိမ်အရေအတွက် အတူတူ ဖြစ်ကြသည်။
အောင်မြင်စွာကျင်းပပြီးစီး
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီး (၆) ကြိမ် မြောက် ၁၉၅၄ ခုနှစ်တွင် ဆဋ္ဌသဂ¯ယနာ တင်ပွဲကြီး စတင်ကျင်းပသည့်နှစ်ဖြစ်၍ ထိုနှစ်တွင် စစ်ကိုင်းတောင်ရိုးမင်းကွန်း ဓမ္မနာဒကျောင်းတိုက်မှ အရှင်ဝိစိတ္တသာ ရာဘိဝံသအရှင်မြတ်သည် တိပိဋကဓရ တိပိဋကကောဝိဒစာမေးပွဲကြီး အာဂုံပြန် ရေးဖြေနှစ်မျိုးစလုံး၌ ဂုဏ်ထူးဖြင့် အောင်မြင်ပြီး မဟာတိပိဋကဓရ မဟာ တိပိဋကကောဝိဒတစ်ပါး စတင်ပေါ်ထွန်း ခဲ့သည်။ ဆဋ္ဌသင်္ဂါယနာတင် အခမ်းအနား ကြီးတွင် မ္တလေးမြို့ ညောင်ရမ်းဆရာ တော် ဘုရားကြီးက သံဃာ့ဦးသျှောင် မထေရ်ကြီးအဖြစ် ဆောင်ရွက်တော်မူပြီး မဟာစည် ဆရာတော် အရှင်သာသနက အမေးပ္ဆုက ဆရာတော်အဖြစ် လည်း ကောင်း၊ အရှင်ဝိစိတ္တသာရာဘိဝံသ မင်းကွန်းဆရာတော်က တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဖြေဝိဿဇ္ဇက ဆရာ တော်အဖြစ်လည်းကောင်း ဆောင်ရွက် တော်မူကြလျက် ဆဋ္ဌသင်္ဂါယနာတင်ပွဲ ကြီးကို အောင်မြင်စွာ ကျင်းပပြီးစီး အောင်မြင်ခဲ့သည်။
သာသနာ့အာဇာနည်
အရှင်မြတ် ၁၄ ပါး ပေါ်ထွန်းခဲ့
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးမှာ စတင် ကျင်းပခဲ့သည်မှစ၍ တစ်ကြိမ်မျှပျက်ကွက် မှုမရှိခဲ့သဖြင့် ယခုအခါ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့်အတူ (၇၁) ကြိမ်မြောက် ကျင်းပပြုလုပ်နိုင်ခြင်းဖြစ်သည်။ စာမေး ပွဲကြီးတွင် အာဂုံပြန်နှင့် သဘောရေးဖြေ နှစ်မျိုး ခွဲခြားဖြေဆိုရပြီး ပိဋကတ်သုံးပုံလုံး စာမျက်နှာပေါင်း ၈ဝ၂၆ မျက်နှာကို ပြီးမြောက်အောင် အာဂုံပြန်ဆိုခြင်းပြု နိုင်ပါမှ တိပိဋကဓရဘွဲ့နှင့် သဘော ရေးဖြေအောင်မြင်ပါမှ တိပိဋကကောဝိဒ ဘွဲ့ကို ဆက်ကပ်ခံရမည်ဖြစ်သည်။ တိပိဋ ကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးသည် မြန်မာနိုင်ငံ ပရိယတ္တိ စာမေးပွဲလောကတွင် အဆင့်အမြင့်ဆုံး စာမေးပွဲကြီးဖြစ်၍ စာမေးပွဲကြီး ပထမ အကြိမ်မှ (၇ဝ) ကြိမ်အထိ ပထမဆုံး အောင်မြင်တော်မူသည့် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီး အပါအဝင် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ် ၁၄ ပါး ပေါ်ထွန်းခဲ့ကြောင်း သိရှိရသည်။
(၇၁) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ကြီးကို ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူ သိမ်တော်ကြီးအတွင်း၌ ယနေ့မှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ၃၃ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး စာမေး ပွဲတွင် အဘိဓမ္မာ (နောက်ပိုင်း) တစ်ပါး၊ အဘိဓမ္မာ(ရှေ့ပိုင်း) တစ်ပါး၊ ဒိဃနိကာယ် ၃ ကျမ်း ၁ဝ ပါး၊ ဝိနည်း(ဒုတိယပိုင်း) ၃ ကျမ်း ၉၃ ပါး၊ ဝိနည်း(ပထမပိုင်း) ၂ ကျမ်း ၁၁၅ ပါး စုစုပေါင်းသံဃာအပါး ၂၂ဝ အာဂုံပြန်ဆိုကြမည်ဖြစ်ရာ အများပြည်သူ ဘုရားဖူးများ ဝင်ရောက်ဖူးမြော်ကြည်ညို နိုင်ကြောင်း သိရှိရသည်။ သတင်းစဉ်

No comments:

Post a Comment