Sunday, December 30, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေအိမ်၌ ကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ဝတ်ပြုဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း နေ့လယ်စာစားပွဲသို့ တက်ရောက်

Image may contain: 6 people, people standing and indoor

နေပြည်တော်   ဒီဇင်ဘာ   ၂၉
ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ဝတ်ပြုဆုတောင်းခြင်းနှင့် ကျေးဇူးတော် ချီးမွမ်းခြင်း နေ့လယ်စာစားပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏နေအိမ်၌   ကျင်းပပြုလုပ်ရာ  နိုင်ငံတော်သမ္မတ   ဦးဝင်းမြင့်နှင့်   ဇနီး  ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက် ကြသည်။
နေ့လယ်စာစားပွဲသို့  တက်ရောက်လာကြသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊  ဒုတိယ သမ္မတ  ဦးမြင့်ဆွေနှင့်  ဇနီး  ဒေါ်ခင်သက်ဌေး၊  ဒုတိယသမ္မတ  ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး ဒေါ်နန့်ကြင်ကြည်၊ နိုင်ငံတော်  ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ဇနီး ဒေါ်ဌေးရီ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ အမျိုးသားလွှတ်တော်  ဒုတိယဥက္ကဋ္ဌနှင့်  ဇနီး၊ ပြည်ထောင်စု လွှတ်တော်   ဥပဒေရေးရာနှင့်   အထူးကိစ္စရပ်များ   လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊  ပြည်ထောင်စုဝန်ကြီးများ၊  ပြည်ထောင်စုစာရင်းစစ်ချုပ်၊   ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   ပြည်ထောင်စု      တရားလွှတ်တော်ချုပ် တရားသူကြီးများ၊    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ   ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့  အဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီဝင် များနှင့် ¤င်းတို့၏ဇနီးများ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊   ဌာနဆိုင်ရာအကြီးအကဲများ၊    သိက္ခာတော်ရဆရာတော်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဇနီး   ဒေါ်ရင်မေနှင့်  မိသားစုတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ဆုတောင်းမေတ္တာပို့သ
နေ့လယ်စာစားပွဲတွင် နေပြည်တော် ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ          သိက္ခာတော်ရဆရာတော် ဒေါက်တာ တင်မောင်အေးက ခရစ္စမတ် ဆုမွန်ကောင်းတောင်း             ဖွင့်လှစ်၍ ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်၊ နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံသူ နိုင်ငံသားများအတွက် ဘုရားသခင်  ကောင်းချီးမင်္ဂလာရရှိစေရန် ဆုတောင်း မေတ္တာ ပို့သသည်။
ခရစ္စမတ်အထိမ်းအမှတ်ကိတ် အတူတကွလှီးဖြတ်ပေး
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ခရစ္စမတ်အထိမ်းအမှတ်ကိတ်ကို  အတူတကွ လှီးဖြတ်ပေးကြသည်။
ယင်းနောက်  နေ့လယ်စာစားပွဲသို့   တက်ရောက်လာကြသူများက  ခရစ္စမတ် တေးသီချင်းကို သီဆိုကြသည်။
ထို့နောက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာတော် ဦးချမ်းခေါက ကျေးဇူးတော်ချီးမွမ်း၍ ဆုတောင်းမေတ္တာ ပို့သသည်။
ယင်းနောက်  နိုင်ငံတော်သမ္မတနှင့်  ဇနီး၊  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တက်ရောက်လာကြသူများက နေ့လယ်စာ အတူတကွသုံးဆောင်ကြသည်။
မှတ်တမ်းတင် ဓာတ်ပုံရိုက်
နေ့လယ်စာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး မိသားစုဝင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment