Monday, December 24, 2018

ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်း ဆေးခန်းဖွင့်ပွဲအခမ်းအနား ကျင်းပ





Image may contain: 5 people, people standing
ရန်ကုန် ဒီဇင်ဘာ ၂၃



ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်း ဆေးခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ကျင်းပသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ရှေးဦးစွာ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးဗိုလ်၊ တိုင်း ဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် (၁)ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း နှင့် ဒုတိယòန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်တို့က ဆေးခန်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်း သည် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့သို့ နေ့စဉ် အဝေးပြေးယာဉ်စီးရေ ၂၂ဝ ကျော် အပြန်အလှန် သွားလာနေကာ နေ့စဉ် ခရီးသည် ၃ဝဝဝဝ ခန့် ဝင် ထွက် သွားလာလျက်ရှိသဖြင့် ကူးစက်မြန် ရောဂါကဲ့သို့ ရောဂါများဖြစ်ပွားလျက် ရှိသည့် ခရီးသည်တစ်ဦးမှတစ်ဆင့် အခြားနေရာဒေသသို့ ရောဂါပျံ့နှံ့ ဖြစ်ပွားနိုင်ပါကြောင်း၊ ခရီးသွားလာသူ တစ်ဦး နာမကျန်းဖြစ်ပါက ကိုယ်တိုင် အဆင်မပြေဖြစ်နိုင်သကဲ့သို့ မိသားစုဝင် များနှင့် အခြားသူများအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်ပါကြောင်း၊
ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်မည်
ယခုကဲ့သို့ ဆေးခန်းဖွင့်လှစ်နိုင် ခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို စောစီးစွာ သိရှိနိုင်ခြင်း၊ ကုသမှုပေးနိုင်ခြင်းဖြင့် အထူးသဖြင့် ခရီးသွားလာသူတစ်ဦး ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ်ပေါ်ပါက အချိန်မီ ရှေးဦးအသက် ကယ်ပြုစု၍ ဆေးခန်းရှိ အရေးပေါ် လူနာတင်ယာဉ်ဖြင့် ဆေးရုံကြီးများသို့ အသက် ကယ်တင် လွှဲပြောင်းကုသမှု ပေးနိုင်မည်ဖြစ်ကာ ကျန်းမာရေး အသိ ပညာပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ထို့အပြင် ယာဉ်ရပ်နားစခန်း အတွင်း နေထိုင်ကြသူများနှင့် အနီး ပတ်ဝန်းကျင်နေရာများမှ ဒေသခံပြည်သူ များအနေဖြင့်လည်း နာမကျန်းဖြစ် ပါက အခမဲ့လာရောက်ပြသနိုင်မည်ဖြစ် ကြောင်း၊ မျက်စိအထူးကုနှင့် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းအထူးကုဆရာဝန်ကြီးများကလည်း ဆေးခန်းတွင် တစ်လလျှင် တစ်ကြိမ်ခန့် လာရောက်ကုသပေးမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ က ဆေးခန်းအတွက် လှူဒါန်းခဲ့ကြ သည့် အလှူရှင်များအား ဂုဏ်ပြု လက်မှတ်များပေးအပ်ပြီး ဆေးခန်းနှင့် ဆေးခန်းရှိ လူနာတင်ယာဉ် အသစ်တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် လှိုင်သာယာပြည်သူ့ ဆေးရုံသို့သွားရောက်၍ ဆေးရုံရှိ စားသောက်ဆိုင်တန်းများ၊ ရင်ခွဲရုံ၊ လူနာ ဆောင်များနှင့် အရေးပေါ်နှင့် ပြင်ပလူနာ ဌာနတို့ကို လှည့်လည်ကြည့်ရှုသည်။
လိုအပ်သည်များညှိနှိုင်းဆောင်ရွက်
ထို့နောက် ဆောက်လုပ်လျက်ရှိ သော လှိုင်သာယာပြည်သူ့ဆေးရုံ တိုးချဲ့ လေးထပ်ဆောင်သို့ သွားရောက် ကြည့်ရှုပြီး ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦးနှင့် တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက် အဦ အထူးအဖွဲ့(၁)မှ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်ခင်သင့်ရာမွှေးနှင့် အဖွဲ့တို့ နှင့် တွေ့ဆုံ၍ တိုးချဲ့ လေးထပ်ဆောင် သစ်ကြီး အမြန်ဆုံးဖွင့်လှစ်နိုင်ရန်အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စ ရပ်များ၊ ဆေးရုံ၏ ဝန်ထမ်းရေးရာကိစ္စ ရပ်များ၊ ဆေးရုံဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက် ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး နှင့်အဖွဲ့သည် ဝန်ထမ်းများ နေထိုင် ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီး ဌာနထံမှ ဝယ်ယူရန် သဘောတူညီမှု ရရှိပြီးသော ဆောက်လုပ်ပြီး အသင့် နေထိုင်နိုင်ပြီဖြစ်သည့် လှိုင်သာယာ မြို့နယ် ကျန်စစ်မင်းအိမ်ရာရှိ ခြောက် ခန်းတွဲ ငါးထပ်အဆောက်အအုံနှင့် ထီးလှိုင်ရှင် အိမ်ရာရှိ နှစ်ခန်းတွဲ လေးထပ် အဆောက်အအုံများသို့ သွားရောက် လှည့်လည်ကြည့်ရှုခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment