Monday, December 24, 2018

အရည်အသွေးရှိသော နိုင်ငံ့သားကောင်းများမွေးထုတ်ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲ အရည်အသွေးရှိစွာ အောင်မြင်နိုင်ရေးအရေးကြီး





Image may contain: 7 people, crowd and indoor
 နေပြည်တော် ဒီဇင်ဘာ ၂၃



၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ် ရေးမှူးများ၊ လက်ထောက်ကြီးကြပ် ရေးမှူးများနှင့် စာဖြေသူများ လိုက်နာ ရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေး ပွဲ သင်တန်းဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် မန္တလေးမြို့ အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက်ဆွေးနွေး အမှာစကားပြောကြားသည်။
မျှတစွာတာဝန်ပေးအပ်
ပြည်ထောင်စုဝန်ကြီးက တိုင်း ဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကြီးကြပ်ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် အထောက် အကူပြု ဆောင်ရွက်မည့်သူများအား ဘက်မလိုက်ဘဲ မျှတစွာတာဝန်ပေးအပ် ရန်လိုပါကြောင်း၊ စာမေးပွဲစည်းမျဉ်း စည်းကမ်းနှင့်အညီ မေးခွန်းလုံခြုံမှု ရှိရေး၊ စနစ်တကျလွှဲပြောင်း၊ လက်ခံ မှတ်တမ်းဖြင့် သက်ဆိုင်ရာသို့လက်ဆင့် ကမ်း အပ်နှံဆောင်ရွက်ကြရန်နှင့် ကုတ်လုပ်ငန်း ဆောင်ရွက်ရန်အတွက် လုံလောက်သော ဆရာ ဆရာမ အရေ အတွက်ဖြင့် တာဝန်ပေးအပ်ရန် လိုပါ ကြောင်း၊ စာမေးပွဲဖြေဆိုမည့် ကျောင်း သား ကျောင်းသူများနှင့် စာမေးပွဲခန်း ကြီးကြပ်မည့် ဆရာ ဆရာမများ အဆင် ပြေချောမွေ့စေရေးအတွက် လုပ်ငန်း အစမှအဆုံးအထိ အကောင်းဆုံးပံ့ပိုး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း။
လုပ်ငန်းခွင်တွင် ကြုံတွေ့ရသည့် အခက်အခဲများကို မိသားစုစိတ်ဓာတ် ဖြင့် တစ်ဦးနှင့်တစ်ဦး ကူညီဖြေရှင်း ပေးကြရန်နှင့် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပံ့ပိုးဆောင်ရွက်ပေးရန် လိုပါကြောင်း၊ အရည်အသွေးရှိသော နိုင်ငံ့သားကောင်း များမွေးထုတ်ရာတွင် တက္ကသိုလ်ဝင် စာမေးပွဲ အရည်အသွေးရှိစွာ အောင်မြင် နိုင်ရေး အရေးကြီးပါကြောင်း၊ ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအား မတ်လ ၌ ကျင်းပသွားမည်ဖြစ်ပြီး ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံ အသစ်တွင် ဘာသာရပ်အားလုံး၌ လွယ် သင့် ခက် မျှတစွာဖြင့် စဉ်းစားတွေးခေါ် မှုကို အားပေးသည့် မေးခွန်းများ ပိုမို ပါဝင် လာမည်ဟု သိရှိရပါကြောင်း။
ပူးပေါင်းဆောင်ရွက်ကြရမည်
စာမေးပွဲမေးခွန်း၊ အဖြေလွှာ၊ စာစစ်လုပ်ငန်း၊ အောင်စာရင်းလုပ်ငန်း များ လုံခြုံမှုရှိစေရေး၊ သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ တာဝန်ကျေပွန် စွာ ထမ်းဆောင်နိုင်ရေးတို့အတွက် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ စာစစ်လုပ်ငန်း ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင် ဆရာမများ၊ အသက်အရွယ်ကြီးသော ဆရာ ဆရာမများ၊ ကျန်းမာရေးမကောင်း သော ဆရာ ဆရာမများနှင့် ဘာသာရပ် နှင့်မကိုက်ညီသော အထက်တန်းပြ ဆရာ ဆရာမများအား စာစစ်တာဝန် ပေးခြင်းမပြုရန်နှင့် ဘာသာရပ်နှင့် ကိုက်ညီသော အထက်တန်းပြ လုပ်သက် နှစ်နှစ်အထက်ရှိသည့် ဆရာ ဆရာမ များကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ မတိုင်မီ တာဝန်ပေးရန်နှင့် ပျက်ကွက်မှု မရှိအောင် အလေးထား ပူးပေါင်း ဆောင်ရွက်ကြရန် လိုပါကြောင်း၊ ယခု ဆွေးနွေးပွဲသင်တန်းတွင် လုပ်ငန်း အတွေ့အကြုံများဖလှယ်၍ အားနည်း ချက်များပြုပြင်၍ အားကောင်းလာ အောင်၊ အားသာချက်များကိုလည်း ပိုမိုအားကောင်းလာအောင် ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဆရာ၊ ဆရာမများက သိရှိလိုသည်များ ကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးညွန့်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားသည်။
ဆက်လက်၍ သက်ဆိုင်ရာတာဝန် ရှိသူများက ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကြီးကြပ်ရေးမှူးများ၊ တွဲဖက် ကြီးကြပ်ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များနှင့် ပတ်သက်၍ ဆွေးနွေးပို့ချကြသည်။ အဆိုပါဆွေးနွေးပွဲသင်တန်းသို့ မ္တလေး (ရမည်းသင်း၊ မိတ္ထီလာမပါ)၊ စစ်ကိုင်း၊ ချင်း(ပလက်ဝမပါ)၊ ကချင်၊ ရှမ်း (မြောက်) များမှ ဆရာ ဆရာမ စုစုပေါင်း ၈၆၁ ဦး တက်ရောက်ကြသည်။
ထိုမှတစ်ဆင့် မန္တလေးမြို့ အမှတ် (၁၆) အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်၍ စာသင် ဆောင်၊ စာသင်ခန်း၊ “ဓာတ်ခွဲခန်း၊ လက်တွေ့ခန်းများနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး ပညာပေးပြခန်း များကို လိုက်လံကြည့်ရှု စစ်ဆေး၍ သင်ကြားသင်ယူမှု အခြေအနေများ၊ ပညာရေးစီမံခန့်ခွဲမှုများ ပိုမိုတိုးတက် ကောင်းမွန်ရေး ဆွေးနွေးမှာကြားသည်။
ပြုစုပျိုးထောင်ပေး
ယင်းနောက် တာဝန်ခံ ဒုတိယ ကျောင်းအုပ်နှင့် ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ၍ အလွတ်ကျက်မှတ်မှုစနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသော ပညာရေးစနစ်ကို အကောင်းအထည် ဖော် ဆောင်ရွက်ရေး၊ ဆရာ ဆရာမ များအနေဖြင့် ကျောင်းသား ကျောင်း သူများအား နိုင်ငံ့သားကောင်းရတနာ များဖြစ်အောင် ပြုစုပျိုးထောင်ပေး နိုင်ရေး၊ အရည်အသွေးရှိသော ဆရာ ဆရာမကောင်းများ ဖြစ်ရန်အတွက် သင်ယူပြီးရင်း သင်ယူနေကြရန်နှင့် စာများများဖတ်၍ သင်ယူမှုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် တက်ရောက်လာသူ များက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment