Saturday, December 22, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ




Image may contain: 7 people, people sitting, table and indoor
 နေပြည်တော် ဒီဇင်ဘာ ၂၁



 ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် သည် ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Phan Tam နှင့် အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် ဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။ (ယာပုံ)
တွေ့ဆုံစဉ် နှစ်နိုင်ငံသတင်းမီဒီယာအဖွဲ့များ အပြန်အလှန် သတင်းဖလှယ်ရေးနှင့် လေ့လာရေးခရီးစဉ်များ ဆောင်ရွက်ရေး၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များ ဖလှယ်ရေး၊ မြန်မာနိုင်ငံတွင် ဗီယက်နမ်သတင်းဌာန ရုံးခန်းဖွင့်လှစ်နိုင်ရေးနှင့် လူမှုမီဒီယာများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများ၊ ပြန်ကြား ရေးဆိုင်ရာ ရေးဆွဲပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment