Saturday, December 22, 2018

''The Straight Story'' ရုပ်ရှင်ဇာတ်ကား ပြသပြီး ခွဲခြမ်းစိတ်ဖြာလေ့လာကြမည်





ရန်ကုန် ဒီဇင်ဘာ ၂၁


 

''The Straight Story'' ရုပ်ရှင် ဇာတ်ကားကိုပြသ၍ ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းကို ဒီဇင်ဘာ ၂၃ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် (၅ဝ) ရွှေတောင် ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း၏ ရုပ်ရှင်ပြခန်းမ၌ ကျင်းပမည် ဖြစ်သည်။
ထိုသို့ ကျင်းပရာတွင် ဒါရိုက်တာDivid Lynch ၏ Drama အမျိုးအစားဖြစ်သည့် ''The Strai- ght Story'' ရုပ်ရှင်ဇာတ်ကားကို ပြသမည်ဖြစ်ပြီး ၄င်းဇာတ်ကားသည် ၂ဝဝဝ ပြည့်နှစ်တွင် Independent Spirit Award for Best Male Lead ကိုလည်းကောင်း၊ European Film Award for Best NonEu-ropean Film also Known as Prix Screen Internationalကို လည်းကောင်း၊ Bodil Award for Best Non- American Filmကို လည်းကောင်း ရရှိခဲ့ကြောင်း၊ ¤င်း အစီအစဉ်ကို ဇာတ်òန်းရေးဆရာ ဒေါက်တာ အောင်မင်းက ဦးဆောင်၍ သုံးသပ်ဆွေးနွေးကြမည်ဖြစ်သည်။
အဆိုပါ အစီအစဉ်ကို မြန်မာ့ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ် ချက်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာတို့ ပူးပေါင်းကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး Cinematheque Program ၏ ကဏ္ဍခွဲတစ်ခုဖြစ်သည့် ရုပ်ရှင် ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းအစီအစဉ်ကို ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment