Tuesday, December 4, 2018

အိန္ဒိယရေတပ်က ရေငုပ်သင်္ဘောသစ်ခြောက်စင်း ဖြည့်တင်းရန် စီစဉ်







Image may contain: outdoor and water

နယူးဒေလီ ဒီဇင်ဘာ ၃
လာမည့်နှစ်များတွင် အိန္ဒိယရေတပ်အတွင်းသို့ ရေငုပ်သင်္ဘောသစ်ခြောက်စင်း ဖြည့်တင်းသွားမည်ဖြစ်ကြောင်း အိန္ဒိယရေတပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ် ဆူနီလ်လန်ဘာက ယနေ့တွင် ပြောကြားခဲ့သည်။အိန္ဒိယ ရေတပ် နေ့မတိုင်မီ တစ်ရက်အလိုတွင် နယူးဒေလီ၌ မီဒီယာများအား ပြောကြားရာတွင် ၂ဝ၅ဝ ပြည့်နှစ်တွင် သင်္ဘော အစင်း ၂ဝဝ နှင့် လေယာဉ်အစင်း ၅ဝဝ ပါဝင်သော အုပ်စုတစ်ခုကို မျှော်မှန်းထားကြောင်းလည်း ဆူနီလ်လန်ဘာက ပြောကြားခဲ့သည်။

အိန္ဒိယရေတပ်အနေဖြင့် အစိုးရ၏ Made in India အစီအစဉ်ကို အကျိုးရှိရှိ အကောင်အထည်ဖော်ရန် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းလုပ်သင်္ဘောများနှင့် စစ်သင်္ဘော ၃၂ စင်းကို အဆိုပါရေယာဉ်နှင့် လေယာဉ် အုပ်စုအတွင်းသို့ ဖြည့်တင်းသွားမည်ဖြစ်ကြောင်း အိန္ဒိယရေတပ်အကြီးအကဲက ပြောကြားသည်။ သင်္ဘော ၅၆ စင်းနှင့် ရေငုပ်သင်္ဘောခြောက်စင်းတို့ပြုလုပ်ရန် အတွက်လည်း အိန္ဒိယအစိုးရ၏ ခွင့်ပြုချက်ရရှိထားပြီးဖြစ် ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ တန် ၄၄ဝဝဝ တင်ဆောင် နိုင်သည့် INS Vikramaditya လေယာဉ်တင်သင်္ဘော တစ်စင်းသာရှိသေးပြီး တန် ၆၅ဝဝဝ တင်ဆောင်နိုင်မည့် လေယာဉ်တင်သင်္ဘောတစ်စင်းကို တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ဂြိုဟ်တုဆက်သွယ်ရေးတပ်ဆင်သော ရှေ့ပြေး စီမံကိန်းကို စတင်ဆောင်ရွက်ခဲ့ပြီး မကြာမီတွင် အိန္ဒိယသင်္ဘော ၂၅ဝဝဝဝ ကို ဂြိုဟ်တုဆက်သွယ်ရေးတပ်ဆင်သွားမည်ဟု လန်ဘာက ဆိုသည်။
အိန္ဒိယနိုင်ငံက တည်ဆောက်ထားသော ဘူမိဆိုင်ရာ ဆက်သွယ်ရေးဂြိုဟ်တု ဂျီအက်စ်အေတီ-၆ ကို အသုံး ပြုကာ ပင်လယ်ပြင်တွင် ငါးဖမ်းသင်္ဘောများကို ခြေရာခံနိုင်မည့် ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို အိန္ဒိယ အာကာ သသုတေသန အဖွဲ့အစည်းက တီထွင်ဖန်တီးထားပြီးဖြစ်ကြောင်း သိရ သည်။

ဆင်ဟွာ

No comments:

Post a Comment