Monday, December 3, 2018

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ခိုးမှုကျူးလွန်သူအား ဖမ်းဆီးစစ်ဆေးရာမှ ခိုးမှုသုံးမှု ထပ်မံဖော်ထုတ်နိုင်

No automatic alt text available.
ရန်ကုန် ဒီဇင်ဘာ ၂
ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ၅ ရပ်ကွက်ရှိ နေအိမ်၌ နိုဝင်ဘာ ၂၁ ရက်က အိမ်အတွင်းရှိပစ္စည်းများ ပျောက်ဆုံးမှုဖြစ်ပွားခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်တို့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ သည် လိုက်လံစုံစမ်းရာ ပြစ်မှုကျူးလွန်သူ ဒဂုံအရှေ့မြို့နယ် ၅၂ ရပ်ကွက်နေ ထူးအောင်ကျော်(ခ)သားကြီးအား အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ သည်။
ဖမ်းဆီးရမိသူ ထူးအောင်ကျော်(ခ)သားကြီးအား စစ်ဆေးရာ ¤င်းသည် အဆိုပါပြစ်မှုကိုကျူးလွန်ခဲ့ကြောင်းနှင့် ထပ်မံ၍ ဒဂုံမြောက်မြို့နယ်အတွင်း သြဂုတ် ၃၁ ရက်က ၄၅ ရပ်ကွက်ရှိ အိမ်တစ်အိမ်မှ ရေမော်တာ ကိုးလုံး၊ တံခါးလေးချပ်၊ ရေမြောင်းဖုံးတစ်ချပ်တို့ကိုလည်းကောင်း၊ စက်တင်ဘာ ၁၇ ရက်က ၄၆ ရပ်ကွက်ရှိ အိမ်တစ်အိမ်မှ အဲကွန်းတစ်လုံး၊ ပန်ကာတစ်လုံး၊ ကွန်ပျူတာတစ်စုံ၊ ဖုန်းတစ်လုံး၊ ဗီရိုတစ်လုံး၊ ရေခဲသေတ္တာတစ်လုံး၊ ဆုံလည် ကုလားထိုင်တစ်လုံးတို့ကို ခိုးယူခဲ့ပြီး စက်တင်ဘာလအတွင်းမှာပင် ဒဂုံအရှေ့ မြို့နယ် ၃ ရပ်ကွက်ရှိ အိမ်တစ်အိမ်မှ လိုက်ကာစ ၁၈ စ၊ မော်တာတစ်လုံး၊ ဖုန်စုပ်စက်တစ်လုံး၊ စားပွဲခုံတစ်လုံး၊ ကျွန်းပါကေးအိတ် ၁ဝ အိတ်တို့ကို လည်းကောင်း EE/---- TOYOTA CALDINAယာဉ်ကိုအသုံးပြု၍ ခိုးယူခဲ့ ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။
အမှုမှ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ပြစ်မှု ကျူးလွန်သူ ထူးအောင်ကျော်(ခ)သားကြီးအား ဥပဒေနှင့်အညီအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment