Monday, December 3, 2018

ပဲခူးရိုးမအတွင်း တရားမဝင်သစ်နှင့် ဆက်စပ်ပစ္စည်းများ ပြစ်မှုကျူးလွန်သူများနှင့်အတူ ဖမ်းဆီးရမိ

Image may contain: outdoor and nature

နေပြည်တော် ဒီဇင်ဘာ ၂
သစ်တောဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထု အခြေပြု စောင့်ကြည့်သတင်းပို့ စနစ်အရ တာဝန်သိပြည်သူတစ်ဦး၏ သတင်း ပေးပို့မှုအပေါ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မင်းနှင့် သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွင်းဆင်းစစ်ဆေးရှာဖွေ ဖော်ထုတ်ဖမ်းဆီးခြင်းကို ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ နှစ်ရက်တာ ကာလအတွင်း ပဲခူးရိုးမ ရေတာရှည်မြို့နယ် ကိုးပင်-သာဂရလမ်း မိုင်တိုင် ၁၈ အနီးဝန်းကျင်နှင့် ကိုးပင်-သာဂရလမ်းတောင်ဘက် ပဲခူးရိုးမ သစ်တောအတွင်းနေရာ သုံးနေရာတို့မှ စုစုပေါင်း တရားမဝင်ကျွန်းသစ် ၉၂ လုံး (၁၉ တန်ခန့်)၊ ကျွန်းသစ်ခွဲသား ၇၃၂ ချောင်း (၁ဝ တန်ခန့်) တို့ကို ပြစ်မှုကျူးလွန်သူ ၁၁ ဦး၊ ဆိုင်ကယ်ကိုးစီး၊ လှည်းငါးစီး၊ နွား ရှစ်ကောင်၊ ကျွဲ နှစ်ကောင်၊ သစ်စက်အင်ဂျင်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိ ခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ယခုအချိန်ကာလသည် ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်သဖြင့် တရား မဝင်သစ် ခိုးထုတ်သယ်ဆောင်မှုများ ပိုမိုဆောင်ရွက်လာနိုင်မှုအပေါ် သစ်တော ဦးစီးဌာနအနေဖြင့် ဆက်စပ်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူတို့ ၏ ပူးပေါင်းပါဝင်မှုဖြင့် ထိရောက်စွာကာကွယ်တားဆီးနိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment