Monday, December 24, 2018

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး





 နေပြည်တော် ဒီဇင်ဘာ ၂၃



ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်သည် ယနေ့နံနက် ၈ နာရီက RBE ရထားဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်ခြင်းလုပ်ငန်း များ လိုက်လံကြည့်ရှုစစ်ဆေးသည်။
အလုံ၊ ကြည့်မြင်တိုင်၊ သီရိမြိုင်၊ သမိုင်းမြို့သစ်နှင့် အင်းစိန် ဘူတာများတွင် ဆက်သွယ်အဆင့်မြှင့်တင်သည့် လုပ်ငန်း များဆောင်ရွက်မှုများ၊ သက်ဆိုင်ရာဘူတာအလိုက် လုပ်ငန်းခွင် များတွင် ဘူတာရုံ၊ ပလက်ဖောင်းနှင့် သံလမ်းများအဆင့် မြှင့်တင်ဆောင်ရွက်နေသည်များကို လုပ်ငန်းခွင်အလိုက် ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ ခရီးသွားလာရာတွင် အဆင်ပြေ ချောမွေ့ စေရေးအတွက် မိမိတာဝန်ကျရာအလိုက် ဆောင်ရွက် ကြရာတွင် ကိုယ်ချင်းစာနာစိတ်နှင့် စိတ်ကောင်းစေတနာ ကောင်းများ ထားရှိလုပ်ဆောင်ကြရန် တိုက်တွန်းအားပေးစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်လမ်းနှင့် ဘုရင့်နောင် လမ်းရှိ ရထားလမ်းကူး (Level Crossing) တည်ဆောက်မှု လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး မော်တော်ယာဉ်များဖြင့် လှိုင်သာယာမြို့နယ်ရှိ လှိုင်သာယာဘူတာရုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်ရုံးသို့ ဆက်လက်ထွက်ခွာခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက လှိုင်သာယာဘူတာသည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးကို ချိတ်ဆက် ပေးမည့် ရထားလမ်းကြောင်းတစ်ခုဖြစ်ပြီး ဒေသ ဖွံ့ဖြိုးတိုးတက် ရေးတွင် ခရီးသွားလာဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး၊ ကူးသန်းရောင်းဝယ်ရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု စေရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဖြစ်သည့် အားလျော်စွာ မိမိတာဝန်ထမ်းဆောင်သည့် ကာလတစ်ခုအတွက် မကြည့်ဘဲ ဒေသခံများတစ်သက်တာ အကျိုးရှိမည့် လုပ်ငန်း၊ ငွေကြေးသုံးစွဲမှု၊ နည်းပညာစသည်တို့ကို စိတ်ကောင်းစေတနာ ကောင်းဖြင့် ဆောင်ရွက်သွားကြရန် အထူးတိုက်တွန်းမှာကြား လိုကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ၏ တင်ပြချက် များ အပေါ် လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment